လန်းဆန်းစေမည့် အရသာနှစ်မျိုး
လည်ချောင်းနာခြင်းကို သက်သာစေသော ပိုးသတ်ဆေးနှစ်ဆအစွမ်း
လန်းဆန်းစေမည့် အရသာနှစ်မျိုး
လည်ချောင်းနာခြင်းကို သက်သာစေသော ပိုးသတ်ဆေးနှစ်ဆအစွမ်း
သံပုရာအရသာ
Each Lozenge Contains: Amylmetacresol BP 0.6 mg 2, 4- dichloro benzyl alcohol BP 1.2 mg
Inactive Ingredients: Levomenthol, lemon oil con, citric acid anhydrous, sucrose, liquid glucose and purified water.

လိမ္မော်အရသာ
Each Lozenge Contains: Amylmetacresol BP 0.6 mg 2, 4- dichloro benzyl alcohol BP 1.2 mg
Inactive Ingredients: Levomenthol, orange oil, citric acid anhydrous, sucrose, liquid glucose and purified water.

CHERICOF ကို ဘာကြောင့် ရွေးချယ်သင့်လဲ?
ပိုးမွှားရှင်းနှင့် နာကျင်မှုလျော့ကျ
လည်ချောင်းနာခြင်းကို သက်သာစေသော ပိုးသတ်ဆေးနှစ်ဆအစွမ်း။
လည်ချောင်းပိုးဝင်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ကို သက်သာစေသည်။
ပိုးမွှားများကို ထိရောက်စွာနှိမ်နင်းပေးခြင်း | ဆေးဘက်ဆိုင်ရာ စမ်းသပ်စစ်ဆေးပြီးဖြစ်သည်။
အသုံးပြုရန် လမ်းညွှန်ချက်
အသက်အရွယ်အလိုက် အသုံးပြုရန် ပမာဏ
အသက် (၆) နှစ်နှင့်အထက်: တစ်ကြိမ်လျှင် တစ်ပြား၊ ၂နာရီ မှ ၃နာရီ ကြားတွင် ငုံထားရန်။ ၂၄နာရီအတွင်း အများဆုံးငုံးနိုင်သည့် ဆေးပြားအရေအတွက်မှာ ၁၂ ပြားဖြစ်သည် ၆နှစ်အောက်ကလေးများ: မသုံးရပါ။
ဆေးသောက်ရန် မေ့လျော့ခဲ့လျှင်
ဆေးသောက်ရန် မေ့သွားလျှင် သတိရသည့်အချိန်၌အမြန်ဆုံးသောက်ပါ။ သို့သော် နောက်တစ်ကြိမ်သောက်သည့်အချိန်နှင့် နီးနေလျှင် ကျော်လိုက်ပါ။ ပြီးမှပုံမှန်အတိုင်းပြန်သောက်ပါ။
ဘေးကင်းစွာ အသုံးပြုနိုင်ရန်
အကယ်၍ဆေးသောက်သည့် ပမာဏများသွားပြီးဗိုက်ကသိကအောက်ဖြစ်လာပါကဆရာဝန် နှင့်ချက်ချင်းပြပါ။
သတိပြုရန်အချက်များ
ဓာတ်မတည့်ဖြစ်လျှင် မသုံးရပါ။ ၆နှစ်အောက်ကလေးများ မသုံးရပါ။ ဆေးပြားငုံထားစဥ်သွားတုခေတ္တဖြုတ်ထားပါ။ ညွှန်းသည့်ပမာဏထက်မပိုစေရပါ။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သုံးပါ။ သကြားဓာတ်အချို့ ကို ခံနိုင်ရည်မရှိသူများ မသုံးသင့်ပါ။ သွေးတွင်းသကြားဓာတ် မြင့်တက် နေသူ (ဥပမာ) ဆီးချိုသွေးချိုရောဂါရှိသူများ သတိထားပြီးသုံးရန်။
ဘေးထွက်ဆိုးကျိုးများ
ခံတွင်းထဲ၌နေ့စဉ်ဆေးပြားငုံခြင်း (၂) ပါတ်ကျော်ပါက သွားများဒုက္ခပေးနိုင်(သွားပိုးစားခြင်း)။
သိမ်းဆည်းထားသိုခြင်း
အခန်းအပူချိန် 30°C အောက်တွင်သာထားပါ။ အစိုဓာတ်မပြန်စေရန်ကာကွယ်ပါ။
လည်ချောင်းကျန်းမာရေးအတွက် လမ်းညွှန်ချက်များ
လည်ချောင်းနာ ဘာကြောင့်ဖြစ်ရသလဲ?
- လတ်တလောမှာ ရာသီဥတုအပြောင်းအလဲ၊ အစားအသောက်၊ အနေအထိုင် အခန့်မသင့်တာတွေကြောင့်၊ အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာ၊ ကိုယ်ခံအားနည်းခြင်းကြောင့် လည်ချောင်းနာ၊ လည်ချောင်းယားတာတွေ အဖြစ်များကြပါတယ်။
လည်ချောင်းနာကို ဘယ်လို ဂရုစိုက်ကုသမလဲ?
- သာမန်လည်ချောင်းနာတဲ့ဝေဒနာက ငုံဆေးငုံခြင်း၊
- (စွပ်ပြုတ်ပူပူ) ရေနွေးနွေးသောက်ခြင်း၊
- ဆားရေနွေးပလုပ်ကျင်းခြင်း စတဲ့ နည်းလမ်းတွေ လုပ်ပေးရုံနဲ့ ၂-၃ ရက်အတွင်း သက်သာသွားနိုင်ပါတယ်။
- လူထူထပ်တဲ့ နေရာသွားမယ်ဆိုရင် နှာခေါင်းစည်း တပ်ဆင်ဖို့လည်း မမေ့ပါနဲ့။
လည်ချောင်းနာခြင်းကို ဒီလိုကာကွယ်!
- အများသုံး ဘတ်စ်ကား လက်ကိုင်များ၊ ခလုတ်များ၊ တံခါးများကို ကိုင်တွယ်ပြီးတိုင်းမှာ လက်ကို ဆပ်ပြာနဲ့ဖြစ်စေ၊ ရေမလိုလက်သန့်ဆေးရည်နဲ့ဖြစ်စေ သေချာလေး သန့်စင်ပါ။
- ကိုယ်လက်လှုပ်ရှားပုံမှန်လုပ်ပြီး ကျန်းမာအောင်နေပါ။
- တစ်ကိုယ်ရေသုံးပစ္စည်းတွေကို မျှဝေသုံးစွဲခြင်း မပြုသင့်ပါ။
Chericof လည်ချောင်းနာငုံဆေး ဆိုတာဘာလဲ၊ ဘာအတွက် အသုံးပြုပါသလဲ?
ဝယ်ယူပုံ အဆင့်ဆင့်
ရိုးရှင်းသော အဆင့် (၄) ဆင့်ဖြင့် အလွယ်တကူ မှာယူနိုင်ပါပြီ။
ဝယ်ယူပုံ အဆင့်ဆင့်
ရိုးရှင်းသော အဆင့် (၄) ဆင့်ဖြင့် အလွယ်တကူ မှာယူနိုင်ပါပြီ။
၀၁။ ဈေးဝယ်ခြင်း
မှာယူလိုသော ပစ္စည်းကို ရွေးချယ်ပြီး ဈေးဝယ်ခြင်းထဲသို့ ထည့်ပါ။
၀၂။ အကောင့်ဝင်၍ ငွေချေခြင်း
၀၃။ အမှာစာ အတည်ပြုခြင်း
၀၄။ အမြန်ဆုံး ပို့ဆောင်ပေးခြင်း

