ကော်လာဂျင်က 18နှစ်ပြည့်မှ သောက်လို့ရတာလား

ကော်လာဂျင်က 18နှစ်ပြည့်မှ သောက်လို့ရတာလား


Collagen ဟာဆိုရင် အသားအရည်ကြည်လင်လှပခြင်း၊ဆံပင်များ ထူထဲနက်မှောင်ခြင်းနဲ့အရိုးအဆစ်တောင့်တင်းသန်မာစေခြင်းတို့ကြောင့် ဒီနေ့ခေတ်မှာ အရေးပါတဲ့ဖြည့်စွက်အားဆေးအဖြစ် နာမည်ကြီးလာရပါတယ်။နာမည်ကြီးလာတာနဲ့အမျှ ကောင်းကျိုးတွေကို စောစောစီးစီး ရရှိချင်သူ လူငယ်လူရွယ်တွေဟာ ဘယ်အသက်လောက်ဆိုရင် collagen စသောက်လို့ရပြီလဲ သိချင်လာကြပါတယ်။

Collagen ဟာ အရေပြားရဲ့ 75% သော protein ဓာတ်ကို အဓိကအထောက်အပံ့ပေးပါတယ်။အရေပြားသာမက အရိုးနု၊အရွတ်၊တွယ်ဆက်ကြွက်သားနဲ့ အရိုးတွေကိုလည်း အားကောင်းအောင် ပံ့ပိုးပေးတဲ့အရာတခုပါ။ကျွန်မတို့စားနေကျ ဥအမျိုးမျိုး၊နှံစားပြောင်း၊ပဲ၊အနီရောင်အသား၊ငါး၊ပင်လယ်စာ၊အရိုးပြုတ်ဟင်းရည်တွေနဲ့ နို့ထွက်ပစ္စည်းတွေမှာ collagen အဓိကပါဝင်ပါတယ်။ အစားအသောက်ထဲမှာပါပေမယ့် စိတ်ဖိစီးမှု၊နေရောင်ခြည်ဒဏ်နဲ့ ညအိပ်မပျော်ခြင်းတွေကြောင့် collagen ပမာဏက မြန်မြန်ပဲ လျော့နည်းလာပါတော့တယ်။

Collagen ဟာ ဘယ်အသက်အရွယ်မှ စသောက်ရမယ်ဆိုတဲ့ အသက်သတ်မှတ်ချက်မရှိပါဘူး။အဲလိုပဲ စောစောသောက်ရင် စောစော ကောင်းကျိုးပိုရမယ်လို့လည်း တိကျသေချာတဲ့ အထောက်အထားမရှိပါဘူး။ဒါပေမယ့် ကျွန်မတို့ခန္ဓာကိုယ်မှာ အသက် ၂၀ ကနေစပြီး ကော်လဂျင်ထုတ်လုပ်မှုနှုန်းဟာ နှစ်တိုင်း တနှစ်ကို 1% လျော့နည်းလာပါတယ်။ဒါကြောင့်မို့ အသက်ကြီးလာတဲ့အခါမှာ အရေပြားတွေ လျော့တွဲလာတာ၊ဆံပင်ကျွတ်တာနဲ့ အသားအရေတွေ မွဲခြောက်ခြောက်ဖြစ်တာတွေကို ခံစားရတာပေါ့။

Collagen powder တွေကတော့ အသက် ၁၃ နှစ်ကစတင်သောက်သုံးလို့ရပေမယ့် capsule တွေကတော့ ၂၀ ကျော်မှ စသောက်သုံးသင့်တယ်လို့ ခိုင်ခိုင်မာမာမဟုတ်တဲ့မှတ်တမ်းတခုအရတွေ့ရှိရပါတယ်။ကျွန်မရဲ့တကိုယ်ရည်ယူဆချက်အရ အသက်ငယ်တုန်း အစားစားနေနိုင်တဲ့အချိန်မှာ အစာအာဟာရကပါတဲ့ ကော်လဂျင်ဓာတ်တွေနဲ့ လုံလောက်ပေမယ့် အသက် ၂၅ ကျော်လာရင် အရေပြားရဲ့ တင်းအားကလျော့နည်းသွားတာမို့ မလိုအပ်လျှင် အသက် ၂၅ ရောက်မှသာ သောက်သုံးစေချင်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ရှင်။

ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။



Share this post
Tags
Archive
၂၀ကျော်လေးနဲ့ပါးရည်တွေတွန့်နေပြီလား