မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…
ဒီနေ့မှာတော့ လူတိုင်းနီးပါးနဲ့ မကင်းကွာတဲ့ ဆိုရှယ်မီဒီယာအသုံးပြုခြင်းနဲ့စိတ်ကျန်းမာရေး ဆက်စပ်နေမှုတစ်ချို့ကို တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။
ယနေ့ခေတ်မှာဆိုရင် လူအတော်များများဟာ ကိုယ့်ရဲ့ စမတ်ဖုန်းတွေကို ကိုယ့်ရဲ့စိတ်ကူးထဲက မိတ်ဆွေတစ်ယောက်လိုသဘောထားပြီး နေထိုင်လာကြပါတယ်။ အဲ့ဒီမိတ်ဆွေဆီကတစ်ဆင့် ပြင်ပက ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အကြောင်းအရာအသစ်တွေ၊ ကိုယ်ကြိုက်နှစ်သက်တဲ့ ဆယ်လီဘရစ်တီတွေ၊ ကမ္ဘာတစ်ဝှမ်းက ပြပွဲတွေအကြောင်းကို လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာတွေပေါ်မှာ ဖတ်ရှုနေထိုင်ကြပါတယ်။
ပြောရမယ်ဆိုရင် ဆိုရှယ်မီဒီယာတွေဟာ လူတစ်ဦးနဲ့တစ်ဦးဆက်ဆံရေးဖြစ်စေ၊ သတင်းအချက်အလက်တွေဖလှယ်ခြင်းဖြစ်စေ၊ အတွေးမြင်အသစ်တွေကိုမျှဝေခြင်းတွေကိုဖြစ်စေ အလွန်လျှင်မြန်စွာတိုးတက်စွာပြုလုပ်လာနိုင်ပြီး တိုးတက်မှုအားကောင်းတဲ့ လူမှုဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့်လဲ .. အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်တဲ့လောကကြီးမို့ ဆိုရှယ်မီဒီယာအသုံးပြုခြင်းဟာ အသုံးပြုသူတွေအတွက်ကောင်းတာတွေရှိသလို ထိခိုက်စေနိုင်တာလေးတွေလဲရှိနေပါတယ်။
ပထမဆုံးတစ်ချက်အနေနဲ့ .. ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ တစ်ရက်ကို ၉ နာရီနဲ့အထက် ဟဲဗီးအသုံးပြုတွေမှာ ဒီပရက်ရှင်လို့ခေါ်တဲ့ စိတ်ဓါတ်ကျဆင်းခြင်းတွေ၊ အန်ဇိုင်ယတီလို့ခေါ်တဲ့ စိုးရိမ်စိတ်တွေ အဖြစ်များတာကို လေ့လာတွေ့ရှိရပါတယ်။
နောက်တစ်ချက်ကတော့ ဆိုရှယ်မီဒီယာအသုံးများခြင်းဟာ အိပ်ရေးပျက်ခြင်း၊ နှစ်ခြိုက်စွာ အိပ်မပျော်နိုင်ခြင်းများကို ဖြစ်စေနိုင်ပြီး ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။
ဆိုရှယ်မီဒီယာပလက်ဖောင်းတွေအပေါ်မှာ ကိုယ်ကိုယ်တိုင်က စ'ပြီး သတင်းအမှားတွေ အကြောင်းအရာအမှားတွေကို ဖြန့်ဝေမိနိုင်သလို တစ်ခြားသူတွေတင်ထားတဲ့ မမှန်ကန်တဲ့အကြောင်းအရာတွေကို ထပ်ဆင့်မျှဝေခြင်းတွေပြုလုပ်မိနိုင်ပါတာမို့ သတိထားသင့်ပါတယ်။
နောက်တစ်ခုကတော့ .. ဆိုရှယ်မီဒီယာတွေဟာ အလွန်အကျွံသုံးတဲ့သူတွေရဲ့ စိတ်ထဲမှာ Inadequacy လို့ခေါ်တဲ့ စိတ်အလိုမပြည့်မှုတွေကိုလဲ ဖြစ်ပေါ်စေကြောင်း လေ့လာတွေ့ရှိရပါတယ်။ အွန်လိုင်းပေါ်မှာ မြင်ရတဲ့ ရုပ်ဝတ္ထုနဲ့အကြောင်းအရာတွေဟာ တစ်ကယ့်အပြင်က လက်တွေ့ဘဝတွေနဲ့ နှိုင်းယှဥ်လို့ မရကြောင်းကို မေ့ပျောက်သွားစေတတ်ပြီး အားကျစိတ် အတုယူလိုစိတ်ကနေ မနာလိုစိတ်နဲ့ မိမိရဲ့ဖြစ်တည်မှုအပေါ်မှာ အလိုမကျခြင်းတို့အထိ ပြောင်းလဲသွားစေတတ်ပါတယ်။
ဟုတ်ကဲ့ပါ ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးတဲ့အတွက်လဲကျေးဇူတင်ပါတယ်။ ပြီးတော့ …
မိမိရဲ့ စိတ်အဆင်မပြေမှုတွေအတွက်ဖြစ်စေ စိတ်ကျန်းမာရေးအတွက် ဖြစ်စေ ဖြည့်စွက်အားဖြည့်ဆေးဝါးများဝယ်ယူရန် သို့မဟုတ် အထူးကုဆရာဝန်ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။