မိုးရာသီနဲ့ ဝမ်းပျက်ဝမ်းလျှော

မိုးရာသီနဲ့ ဝမ်းပျက်ဝမ်းလျှော


ဝဿန်ကာလ မိုးရာသီအခါဆိုသည်မှာ ပူပြင်းသောနွေရာသီရဲ့အဆုံးသတ်ကာလဖြစ်သဖြင့် တနွေလုံးပင်ပန်းခဲ့သမျှ အတိုးချပြီး စိမ်းမြအေးချမ်းသောကာလတခုပဲ ဖြစ်ပါတယ်။ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေသော မိုးတွင်းကာလမှာ ကြည်နူးသောစိတ်လေးလည်းခံစားရစလို နောက်ဆက်တွဲအနေနဲ့ အအေးမိရောဂါမှစလို့ သွေးလွန်တုပ်ကွေးရောဂါအထိ နာဖျားမှုများလည်းဖြစ်တတ်ပါသေးတယ်။

စိုစွတ်သောရာသီဥတုနဲ့ မိုးရာသီဟာ လူတွေရဲ့အပူကိုငြိမ်းအေးပေးနိုင်သလို လမ်းပေါ်မှာရှိတဲ့ အညစ်အကြေးအမှိုက်သရိုက်အကုန်လုံးကို မိုးရေနဲ့အတူ ဖယ်ရှားပေးလိုက်သလိုလည်းဖြစ်နေပြန်ပါတယ်။မသန့်ရှင်းသောရေမှတဆင့်ရောဂါပိုးမွှားများပေါက်ပွါးလာပြီး ဘက်တီးရီးယား၊ဗိုင်းရပ်စ်ပိုးနဲ့ မှိုရောဂါများလည်း ခံစားလာရပါတယ်။များသောအားဖြင့် ရေမှတဆင့်ရောဂါတွေကူးစက်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်တဲ့နှုန်းများလည်း သိသိသာသာမြင့်တက်လာခဲ့ကြပါတယ်။

ဒီအထဲကမှ မိုးရာသီမှာအဖြစ်အများဆုံးကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အစာအဆိပ်သင့်ခြင်းတို့ပဲဖြစ်ကြပါတယ်။အစာအဆိပ်သင့်ခြင်းကလည်း အထက်လန် အောက်လျှော လို ပုံမျိုးဖြစ်တဲ့အတွက် ဝမ်းလျှောခြင်းကိုပါ ပြင်းထန်စွာခံစားရစေနိုင်ပါတယ်။ဝမ်းလျှောတဲ့အခါ အဓိကအားဖြင့် ၃ မျိုးခွဲခြားလို့ရပါတယ်။ဗိုက်ရစ်ရစ်နာပြီး ဝမ်းလျှောခြင်း၊ဝမ်းအရည်များသွားပြီး ဝမ်းလျှောခြင်းနဲ့ ဖျားနာခြင်းပါဖြစ်ပြီး ဝမ်းလျှောခြင်း အစရှိသဖြင့် ခွဲခြားနိုင်ပါတယ်။

ဝမ်းလျှောခြင်းကို အဓိကဖြစ်စေတဲ့အကြောင်းရင်းကတော့ မသန့်တဲ့လက်ဖြင့်အစားအသောက်ပြင်ဆင်မိခြင်း၊မသန့်တဲ့လက်ဖြင့် အစားစားမိခြင်း၊မသန့်သောရေသောက်သုံးမိခြင်းနဲ့ ယင်နားစာ စားမိခြင်းတို့ကြောင့်ဖြစ်ပါတယ်။ကလေးတွေမှာ ဝမ်းလျှောရင်တော့ တပတ်ခန့်ကြာမြင့်တတ်ပြီး လူကြီးတွေမှာဆိုရင် ၃-၅ ရက်ထိကြာတတ်ပါတယ်။ဒါပေမယ့် အချိန်မှီမကုသပါက သွေးပေါင်ချိန်ကျခြင်း၊ရေဓာတ်ခန်းခြောက်ခြင်း၊ဝမ်းထဲတွင်ပြည်ပါခြင်း၊သွေးပါခြင်းတို့အပြင် ပြင်းထန်စွာအဖျားတက်ခြင်းတို့အထိပါ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်မို့ မိုးရာသီမှာ ဝမ်းပျက်ဝမ်းလျှောမဖြစ်ရလေအောင် သန့်ရှင်းသောရေကိုသာသောက်ပါ၊ လိုအပ်လျှင်ရေကိုကြိုချက်သောက်သုံးပါ၊ ပူပူနွေးနွေးချက်ပြုတ်ထားသောအစားအစာများကိုစားသုံးပါ၊ဝမ်းလျှောလျှင် ဓာတ်ဆားရည်သေချာသောက်ပါ၊လိုအပ်ပါက ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီး ပရိုဘိုင်အိုတစ်ဆေးများသောက်သုံးရန် လိုအပ်ပါတယ်။

ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/gp ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။



Share this post
Tags
Archive
မိုးရာသီနဲ့ထိပ်ကပ်နာ