သုတ်လွှတ်မြန်တာ ရောဂါလား

သုတ်လွှတ်မြန်တာ ရောဂါလား?


လိင်ကျန်းမာရေးအကြောင်း ဆွေးနွေးတဲ့အခါ အချို့အကြောင်းအရာတွေကို ဖွင့်ပြောဖို့ ခက်တာ၊ မျက်နှာပူရတာမျိုးတွေ ရှိတာ မဆန်းပါဘူး

ဒီလို အကြောင်းအရာတွေထဲမှာ အချိန်မတန်ခင် သုတ်လွှတ်မြန်တာကလည်း တစ်ခုအပါအဝင်ပါ!

သုတ်လွှတ်မြန်တယ်ဆိုတာ လိင်ဆက်ဆံချိန်အတွင်း ထိန်းချုပ်မရဘဲ သုတ်ရည်များ စောစီးစွာထွက်လာတာကို ဆိုလိုတာပါ။ ဒီအခါမှာ ကိုယ့်ကိုကိုယ် စိတ်ပျက်တာ၊ ရှက်ရွံ့စိတ်တွေ ဖြစ်ပေါ်လာပြီး confidence တွေ ပျောက်ဆုံးလာတတ်ပါတယ်

ဒါပေမယ့်လည်း လူတော်တော်များများက ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုကိုယ်စီ ရှိတတ်ကြတာကြောင့် ဒီလိုအကြောင်းအရာတွေကို ရှက်စရာလို့ သဘောမထားဘဲ ပွင့်လင်းမြင်သာတဲ့ နားလည်မှုတွေနဲ့ လိုအပ်တဲ့ အကူအညီကို ရယူသင့်ပါတယ်…


ဒါကြောင့်မလို့ ဒီနေ့ post လေးမှာတော့ သုတ်လွှတ်မြန်တာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်လေးတွေအကြောင်းကို မျှဝေပေးသွားပါရစေ......


1️. ပထမဦး‌ဆုံးအနေနဲ့ အရေးကြီးဆုံးအချက်ကတော့ သုတ်လွှတ်မြန်တာက ရောဂါဆိုတဲ့ အယူမှားတစ်ခုပါ‼️ သုတ်လွှတ်မြန်တာဟာ အမျိုးသားတွေရဲ့ ဘဝတစ်သက်တာ တစ်ချိန်ချိန်မှာ သိသိသာသာ ခံစားရတတ်တဲ့ လိင်ပိုင်းဆိုင်ရာ စိုးရိမ်မှုတစ်ခုပါ။ ဒါပေမယ့်လည်း သူ့ကို ရောဂါအဖြစ် မသတ်မှတ်ဘဲ လိင်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဒါမှမဟုတ် အခြေအနေတစ်ခုအဖြစ်ပဲ သတ်မှတ်ကြပါတယ်။ 


2️. ဒါ့အပြင် အမျိုးသား ၃ ယောက်မှာ ၁ ယောက်လောက်ဟာ တစ်ချိန်ချိန်မှာတော့ သုတ်လွတ်မြန်တာကို ခံစားရတတ်တယ်လို့ ခန့်မှန်းထားကြတာကြောင့်  တကယ်လို့ သင်က‌လဲ ဒီအခြေအနေကို ဖြတ်သန်းနေရတယ်ဆိုရင် တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သတိရလိုက်ပါ။


3️. ဘာကြောင့် သုတ်လွှတ်မြန်ရတာလဲဆိုတဲ့ အကြောင်းရင်းအတိအကျကို အပြည့်အဝ မပြောနိုင်ပေမယ့် အောက်ပါ အကြောင်းရင်းတွေ စုပေါင်းလာတဲ့အခါ ဖြစ်တတ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်

         ▪️စိတ်ပိုင်းဆိုင်ရာပြဿနာတွေ 

         ▪️စိုးရိမ်ပူပန်မှုတွေ

         ▪️စိတ်ဖိစီးမှု‌တွေ 

         ▪️Relationship ပြဿနာတွေ 

         ▪️ဟော်မုန်းမညီမျှမှုတွေ

         ▪️အချို့သော ရောဂါအခံတွေ 


4️. ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ သုတ်လွှတ်မြန်တာကို ကိုင်တွယ်ဖြေရှင်းဖို့ အမျိုးမျိုးသော ကုသနည်းတွေနဲ့ နည်းဗျူဟာတွေ ရှိနေတာပါပဲ။ သုတ်လွှတ်မြန်တာဟာ အဖြစ်များပြီး ကုသနိုင်တဲ့ အခြေအနေတစ်ခုဖြစ်တာမလို့ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီးတော့ လိုအပ်တဲ့ ဆေးဝါးတွေအပြင် အခြားနေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေ ရယူတာက ဒီအခြေအနေကို ကျော်လွှားဖို့အတွက် သိသာထင်ရှားတဲ့ ရလဒ်တွေကို ရရှိမယ်ဆိုတာ ကျိမ်းသေပါ

ဒါကြောင့်မို့ လိင်ကျန်းမာရေးဆိုပြီး ဆရာဝန်နဲ့ ပြဖို့ တွ့န်ဆုတ်မနေဘဲ အချိန်မလွန်ခင် မှန်ကန်တဲ့ ကုသမှု ခံယူဖို့ တိုက်တွန်းလိုက်ပါရစေနော်.......

တကယ်လို့ ပြင်ပဆေးခန်းမှာ ဆရာဝန်နဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ဆွေးနွေးဖို့ မျက်နှာပူနေမိတယ်ဆိုရင်တော့ အထူးကုဆရာဝန်ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်ပြီး ကုသမှုရယူဖို့https://mymedicine.com.mm/r/gp ကိုနှိပ်၍bookingရယူဆေးခန်းပြသနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။





Share this post
Tags
Archive