Gym ဆော့ရင်း ရေခဲရေသောက်ရင်…?
လေ့ကျင့်ခန်းတွေလုပ်ပြီး ချွေးတပြိုင်းပြိုင်းကျနေချိန်မှာ ရေခဲရေသောက်ဖို့ပဲ စိတ်ထဲရှိကြတယ်ဟုတ်?
ဒါပေမယ့် လေ့ကျင့်ခန်းကြောင့် ခန္ဓာကိုယ်အပူချိန်မြင့်တက်နေချိန်မှာ ရေခဲရေသောက်မိရင် ဒီလိုပြဿနာလေးတွေတော့ ကြုံရပါလိမ့်မယ်
- ရေခဲရေကြောင့် သွေးကြောတွေကျဉ်းသွားပြီး ကြွက်သားတွေဆီကို သွေးနဲ့အောက်ဆီဂျင် အလုံအလောက်မရောက်တော့ခြင်း
- ရေခဲရေသောက်လိုက်ချိန်မှာ ကြွက်သားတွေ ကျုံ့သွားတတ်တာကြောင့် သွေးပူလေ့ကျင့်ခန်း သေချာလုပ်မထားလျှင် ဒဏ်ရာရတတ်ခြင်း
- ကြွက်တက်ခြင်း
- ဗိုက်နာခြင်း
- အစာမကြေဘဲ မအီမသာဖြစ်ခြင်း
ဒီလိုပြောလို့ လေ့ကျင့်ခန်းလုပ်နေချိန်မှာ ရေအေးလုံးဝမသောက်နဲ့တော့လို့ ပြောတာမဟုတ်ပါဘူးနော်
ရေခဲရေလောက်ထိလည်း မအေးဘဲ အခန်းအပူချိန်ထက် နည်းနည်းလေးပိုအေးတဲ့ ရေအေးမျိုးသောက်ပေးမယ်ဆိုရင် ဒီလိုပြဿနာတွေကို မကြုံတွေ့ရတော့မယ့်အပြင် ခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကိုတောင် မြန်မြန်ဖြည့်ပေးပါလိမ့်မယ်
"ချွေးထွက်များချိန်မှာဆို ရိုးရိုးရေထက် minerals နဲ့ electrolytes တွေပါဝင်တဲ့ ဓာတ်ဆားရည်မျိုးသောက်ပေးတာကတော့ အကောင်းဆုံးပေါ့"
ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်စေ၊ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်စေ https://mymedicine.com.mm/r/sportကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။