အင်ဆူလင်ကို အိမ်မှာ ဘယ်လိုထိန်းသိမ်းမလဲ

အင်ဆူလင်ကို အိမ်မှာ ဘယ်လိုထိန်းသိမ်းမလဲ


ဆီးချိုရောဂါဆိုတာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဆီးချိုလူနာတွေဟာ လွန်စွာမှ များပြားလှပါတယ်။ဆီးချိုရောဂါဟာ တခြားသွေးတိုးရောဂါ၊အဝလွန်ရောဂါနဲ့ မုတ်ချိုအိတ်ရောင်ရောဂါတို့နဲ့ တွဲပြီးလာတတ်သလို ဆီးချိုရောဂါရှိခြင်းကြောင့် နောက်ဆက်တွဲရောဂါတွေလည်း အများကြီးဖြစ်နိုင်ပါသေးတယ်။

ဆီးချိုရောဂါဖြစ်လာပြီဆိုရင်တော့ အစားအသောက်နဲ့ထိန်းညှိခြင်း၊သောက်ဆေးသောက်ရခြင်းနှင့်အတူ တချို့သောလူနာတွေမှာဆိုရင်တော့ အင်ဆူလင်လို့ခေါ်တဲ့ထိုးဆေးပါ ထိုးရတဲ့အခြေအနေတွေထိရှိတတ်ပါတယ်။အင်ဆူလင် ထိုးရတဲ့အကြောင်းအရင်း များစွာရှိတဲ့အနက် ခန္ဓာကိုယ်ကနေ အင်ဆူလင်မထုတ်နိုင်တော့ရင်ပဲဖြစ်ဖြစ်၊အင်ဆူလင်ထုတ်နိုင်သော်လည်းပဲ သကြားဓာတ်ကို မထိန်းထားနိုင်တော့ရင်ပဲဖြစ်ဖြစ် ထိုးတတ်ကြပါတယ်။

အင်ဆူလင်တွေကို ရေတိုသက်ရောက်မှု၊ရေရှည်သက်ရောက်မှုတွေပေါ်မူတည်ပြီး ဆေးထိုးရတဲ့ပုံစံပေါင်းစုံရှိပါတယ်။သကြားဓာတ်ထိန်းညှိရမယ့်ပုံစံပေါ်မူတည်ပြီး တနေ့ ၄ ကြိမ်ထိုးရတာရှိသလို တနေ့ ၂ ကြိမ်ထိုးရတဲ့ပုံစံတွေလည်းရှိပါသေးတယ်။ဒါကြောင့်မို့ အင်ဆူလင်ထိုးရတဲ့လူနာတစ်ယောက်ဟာ အင်ဆူလင်ထိုးတဲ့အခါ အမှတ်ရေ unit မမှားအောင် သတိထားဖို့လိုအပ်သလို ထိန်းသိမ်းပုံထိန်းသိမ်းနည်းလည်း လိုအပ်ပါသေးတယ်။

အင်ဆူလင်ပုလင်းဟာ expired date ကျော်သွားရင် သုံးလို့မရပါဘူး။ဒါပေမယ့် expired ဝေးနေရင်တော့ အဖုံးမဖွင့်ရသေးတဲ့အင်ဆူလင်ဘူးတဘူးဟာ ပြင်ပအပူချိန် အတွင်းမှာ ၂၈ ရက်တိတိထားလို့ရပါတယ်။ရေခဲသေတ္တာထဲမှာဆိုရင် expired date မတိုင်ခင်ထိ လပေါင်းများစွာ အထားခံပါတယ်။သုံးဖို့ အဖုံးဖွင့်လိုက်ပြီဆိုရင်တော့ ရေခဲသေတ္တာထဲမှာပဲဖြစ်ဖြစ်၊ပြင်ပအပူချိန်မှာပဲဖြစ်ဖြစ် ၂၈ ရက်ပဲထားလို့ရတော့မှာ ဖြစ်ပါတယ်။အသုံးမပြုရသေးတဲ့ အင်ဆူလင် ကို 4-8 *C နဲ့ အဖုံးဖွင့်လိုက်ပြီဖြစ်တဲ့ အင်ဆူလင်ကိုတော့ 2-8*C အတွင်း ထိန်းသိမ်းထားသင့်ပါတယ်။ရေခဲသေတ္တာအခဲကန့်ထဲမှာထည့်မိသွားလို့ ခဲသွားတဲ့ အင်ဆူလင် ကိုတော့ သုံးဖို့အတွက်မသင့်တော်တော့ပါဘူး။

ဆီးချိုရောဂါရှိတဲ့သူတွေအနေနဲ့ အင်ဆူလင်ထိုးဆေးကနေ သောက်ဆေးပြောင်းနိုင်ဖို့အတွက် လှုပ်လှုပ်ရှားရှားနေပေးပါ၊သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံ ပြောင်းလဲပေးပါ၊ကိုယ်အလေးချိန်ထိန်းသိမ်းပါ၊ဆေးလိပ်နဲ့အရက်

သောက်ခြင်း ရှောင်ကြဉ်ပါ၊အိပ်ရေးဝဝအိပ်ပါ၊အင်ဆူလင်ထိုးရမှာမကြောက်ဘဲနဲ့ ပုံမှန်ထိုးပေးပါ။ဒါဆိုရင်တော့ ဆီးချိုကိုထိန်းနိုင်ပြီး ဆီးချိုနောက်ဆက်တွဲရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဆောင်းပါးလေးကိုအချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။



Share this post
Tags
Archive
ဆီးချိုရှိရင် လျှာပေါ်တင်တာနဲ့ ချိုတာမှန်သမျှ ရှောင်ပါ