အသည်းလေးကို ဂရုစိုက်ဖြစ်ရဲ့လား

အသည်းလေးကို ဂရုစိုက်ဖြစ်ရဲ့လား?


အသည်းဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံး ကိုယ်တွင်းအင်္ဂါတစ်ခုပါ။ အသည်းရဲ့ အဓိက တာဝန်ကတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စစ်ထုတ်ပေးဖို့ပါပဲ။ ဒါကြောင့်ပဲ အရက်သေစာလိုမျိုး ခနွာကိုယ်အတွက် ဘေးဖြစ်စေတဲ့ အစားအသောက်တွေစားတဲ့အခါ အသည်းကို အရင်ထိခိုက်စေတော့တာပေါ့။

 📌 ဗိုက်နာပြီး ဖောရောင်နေတာ

📌 တစ်ချိန်လုံးပင်ပန်းနေတာ 

📌 ဆီးအရောင်ရင့်ရင့်သွားတာ

📌 ဝမ်းထဲသွေးပါတာ

📌 အစားအသောက်ပျက်တာ

📌 အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ ကိုယ်အလေးချိန်‌ကျတာ

📌 ပျို့အန်ပြီး မအီမသာဖြစ်တာ

📌 ခြေထောက်ဖောရောင်တာ

📌 အလွယ်တကူ အညိုအမဲစွဲလွယ်တာ

📌 မျက်လုံးနဲ့ အသားအရည်ဝါတာ

စတာတွေက အသည်းကျန်းမာရေး ချို့တဲ့နေတယ်ဆိုတာ ပြသနေတဲ့ လက္ခဏာတွေပါ။အသည်းက လူ့ခန္ဓာကိုယ် ကောင်းကောင်းရပ်တည်နိုင်ဖို့ အရေးပါတဲ့အဓိကအစိတ်အပိုင်းထဲမှာပါတာကြောင့် အသည်း မကောင်းတော့ဘူးဆိုရင် ထိခိုက်လာမှာကအများကြီးပါ။ တကယ်လို့ သင့်မှာ ဒီလက္ခဏာတွေခံစားနေရပြီဆိုရင် အသည်းအတွက်လိုအပ်မယ့် ကုသမှုတွေကို ချက်ချင်းလုပ်ဖို့ပြောပါရစေနော်။

ဒါ့အပြင်My-Medicine မှာလဲကျွမ်းကျင်ပြီး အတွေ့အကြုံများစွာရှိတဲ့ အသည်းအထူးကုသမားတော်ကြီးများနဲ့ ပြသနိုင်ပါပြီ။ ဆေးရုံ၊ ဆေးခန်းတွေထိ သွားစရာမလိုဘဲ အိမ်ကနေ ကိုယ်အဆင်ပြေတဲ့အချိန်မှာ booking လုပ်ပြီး ဆရာဝန်ကြီးတွေနဲ့ တိုက်ရိုက်ဆွေးနွေးရုံပဲဆိုတော့ အချိန်ကုန်လူပင်ပန်းလဲ သက်သာတာပေါ့✨

ဆေးခန်းပြသလိုပါက https://mymedicine.com.mm/r/liverဒီလင့်ကိုနှိပ်၍ ရက်ချိန်းယူလို့ရသလို့ ဖုန်းနံပါတ် 5588 နှင့် 09-77-999-5588 သို့ ဆက်သွယ်မေးမြန်း စုံစမ်းလို့လဲရပါတယ်နော်။

ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။



Share this post
Tags
Archive
အသက်ကယ်ရန် လက်ဆေးပါ
တကယ်တော့ လက်ဆေးတယ်ဆိုတာ ကိုဗစ်ကာလမှ ဆေးသင့်တာမဟုတ်ပါဘူး။ ရောဂါပိုးပေါင်းများစွာက ကိုယ့်ရဲ့လက်တကမ်းမှာတင်ရှိနေတာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်ဖို့ဆိုရင် လက်ဆေးတာက အခြေခံအချက်ပါပဲ။