ဒီလိုလေး ကိုယ်ခံအားမြှင့်ကြမယ်

ဒီလိုလေး ကိုယ်ခံအားမြှင့်ကြမယ် (Boosting your immune system)


နွေအပူဒဏ်ကြောင့် လူက အားအင်ကုန်ခန်းနေတဲ့အပြင် ကိုဗစ်တွေလဲ ပြန်ဖြစ်နေတဲ့ သတင်းတွေကြားနေရတော့ ဒီလိုကာလမှာ ရောဂါတွေမကူးဘဲ နေလို့ကောင်းအောင် ကိုယ်ခံအားကောင်းနေဖို့က အရေးကြီးတယ်နော်

ကိုယ်ခံအားစနစ်က ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေလို အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေရန်က ကာကွယ်ဖို့ အရေးအပါဆုံး စနစ်တစ်ခုပါ။ ကျန်းမာရေးကောင်းမွန်ဖို့အတွက်ဆို သန်မာတဲ့ ကိုယ်ခံအားစနစ်ကို မရှိမဖြစ်လိုအပ်တာမလို့ ဒီနေ့ post လေးမှာ ကိုယ်ခံအားကောင်းလာအောင် ရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်နော်…

အာဟာရမျှတအောင် စားသောက်ပါ

ကိုယ်ခံအားစနစ်ကို မြှင့်တင်တဲ့နေရာမှာ အထိရောက်ဆုံး နည်းလမ်းကတော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ အစားအစာကို စားပေးတာပါပဲ။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ အစားအသောက်တွေက ခန္ဓာကိုယ်က ရောဂါပိုးမွှားတွေနဲ့ ဖျားနာမှုတွေကို တိုက်ဖျက်ရာမှာ ကူညီပေးပါတယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ အဆီနည်းတဲ့အသားနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို နေ့စဉ်အစားသောက်ထဲမှာ မျှမျှတတ ထည့်ပြီး စားသုံးပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ နေရာမှာတော့ ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်း၊ ဟင်းနုနွယ်ရွက်၊ ဘရိုကိုလီ၊ လိမ္မော်သီးနဲ့ ဒိန်ချဉ်တို့က နာမည်ကြီးပါတယ်။


အားဆေးသောက်ပေးပါ

ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်တွေကနေ အာဟာရကို ရယူတာ အကောင်းဆုံးဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ ခန္ဓာကိုယ်ကလိုအပ်တဲ့ အာဟာရအားလုံးကို အစားအစာတစ်ခုတည်းနဲ့ ဖြည့်ဆည်းဖို့ ခက်ခဲနိုင်ပါတယ်။  ဒီလိုအခြေအနေမျိုးမှာ ဖြည့်စွက်စာတွေ သောက်သုံးဖို့ အကြံပေးလိုပါတယ်။  ဗီတာမင် C၊ ဗီတာမင် D နဲ့ ဇင့်တို့လို ဖြည့်စွက်အားဆေးတွေက ကိုယ်ခံအားစနစ်ကို အားဖြည့်တဲ့နေရာမှာ အထောက်အကူ အများကြီးဖြစ်မှာပါ။


အိပ်ရေးဝအောင်အိပ်ပါ

အိပ်စက်ခြင်းကလည်း ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

အိပ်ရေးမဝတဲ့အခါ ရောဂါပိုးဝင်နိုင်ချေနဲ့ ဖျားနာနိုင်ချေတွေကို တိုးမြင့်စေတာမလို့ တစ်ညကို အနည်းဆုံး 7-8 နာရီ အိပ်ဖို့ကလည်း အရေးကြီးပါတယ်။


လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

လေ့ကျင့်ခန်းပုံမှန်လုပ်တာဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုပါ။  လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်က ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့အတွက် အရေးကြီးတဲ့ သွေးဖြူဥတွေကို ထုတ်လုပ်ပေးတဲ့အပြင် ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့ စိတ်ဖိစီးမှုနဲ့ ရောင်ရမ်းမှုတွေကိုလည်း လျှော့ချပေးပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး မိနစ် 30လောက် လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာနဲ့ ယောဂတို့လို ကိုယ်လက်လှုပ်ရှားမှု ပေါ့ပေါ့ပါးပါး‌‌လေးတွေ လုပ်ပေးဖို့လည်း မမေ့လိုက်နဲ့ဦးနော်။


ရေဓာတ်ပြည့်ဝအောင်နေပါ

ရေများများသောက်ပေးတာက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဆဲလ်တွေကိုလည်း ကျန်းမာစေတာမလို့ တစ်နေ့ကို အနည်းဆုံး ရေ 8-10 ခွက်လောက်သောက်ပြီး သကြားနဲ့ ကဖိန်းဓာတ်ပါတဲ့ သောက်စရာတွေကိုတော့ ရှောင်ပေးပါနော်။


ဒီအချက်တွေအပြင် စိတ်ဖိစီးမှုကလည်း ကိုယ်ခံအားစနစ်ကို အားနည်းစေတာကြောင့် ယောဂနဲ့ တရားထိုင်တာတို့လို စိတ်ငြိမ်စေတဲ့ အလေ့အကျင့်လေးတွေကလည်း ကိုယ်ခံအားကောင်းပြီး ကျန်းမာတက်ကြွတဲ့ နေ့ရက်တွေ ဖြတ်သန်းဖို့ သော့ချက်တစ်ခုပါပဲနော်။

ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/gp ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


Share this post
Tags
Archive
ဒညင်းသီး (သို့) မစားကောင်းတဲ့အသီး