ကော်ဖီသရဲလေးတွေ သိထားဖို့

ကော်ဖီသရဲလေးတွေ သိထားဖို့


တစ်နေကုန်နေလို့မှ ကော်ဖီတစ်ခွက်လောက် မသောက်ရရင် စားမဝင်အိပ်မပျော်တဲ့ ဘဝတူတွေ ရှိကြလား?

ကော်ဖီမှာ ကောင်းကျိုး‌ဆိုးကျိုးတွေ ဒွန်တွဲနေတာကို သိပေမယ့်လည်း ဘယ်လိုမှ မဖြတ်နိုင်‌ဘူးဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့ ကော်ဖီဘယ်လိုသောက်ရမလဲဆိုတာကို သိထားဖို့ လိုပြီနော်….


- မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာ ကော်ဖီသောက်ပေးတာက အာရုံစူးစိုက်မှုကောင်းစေတဲ့အပြင် လန်းဆန်းတက်ကြွစေပါတယ်။


- ဒါပေမယ့် ညအိပ်ခါနီးသောက်လိုက်ရင်တော့ အိပ်မပျော်တာမျိုးဖြစ်တတ်လို့ အိပ်မယ့်အချိန်နဲ့ (6) နာရီလောက်ခြားပြီးမှ ကော်ဖီသောက်ပေးဖို့ အကြံပေးပါရစေ။


- တစ်နေ့ကို အများဆုံး ကော်ဖီ 2-3ခွက်ထက် ပိုမသောက်မိဖို့လည်း လိုပါတယ်။


- ကဖိန်းဓာတ်တွေ အများကြီးသောက်မိပြီဆိုရင် ရင်တွေတုန်လာတာ၊ ‌ဆီးချိုတက်တာ၊ ညဘက်အိပ်မပျော်တာတွေ ဖြစ်တတ်တာကိုလည်း သတိထားသင့်ပါတယ်။


- ဒါ့အပြင် ကော်ဖီက ဆီးရွှင်စေတာမလို့ တစ်နေ့တာလုံး ရေဓာတ်ကုန်ခန်းမသွားစေဖို့ ရေပုံမှန်သောက်ပေးဖို့တော့ လိုမယ်နော်။


- ကော်ဖီအရမ်းကြိုက်ပေမယ့် သောက်တိုင်း ရင်တုန်ပြီး နေလို့မကောင်းဖြစ်ရတယ်ဆိုရင် ကဖိန်းဓာတ်မပါတဲ့ decaffeinated ကော်ဖီတွေ ရွေးသောက်နိုင်ပါတယ်။


"တန်ဆေးလွန်ဘေး" ဆိုသလိုပဲ သင့်တင့်ရုံသောက်တယ်ဆိုရင် ကော်ဖီမှာ ဝိတ်ကျစေတာနဲ့ နှလုံးကောင်းစေတာတို့လို ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိတာကြောင့် smart ကျကျ ကော်ဖီသောက်ရင်း ဆိုးကျိုးတွေကို ဘေးခေါက်ထားလိုက်တော့နော်….

ဆောင်းပါးလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။


Share this post
Tags
Archive
ကူးစက်လွယ်တဲ့ ရေယုန်