ကူးစက်လွယ်တဲ့ ရေယုန်အကြောင်း ဘယ်လောက်သိထားပါသလဲ....
ရေယုန်ဆိုတာ ပါးစပ်နဲ့ လိင်အင်္ဂါတွေ တစ်ဝိုက်မှာ ပေါက်တတ်တဲ့ အရည်ကြည်ဖု အသေးလေးတွေကို ခေါ်တာပါ။ ဒီအရည်ကြည်ဖုလေးတွေ ပေါက်သွားတဲ့အခါလည်း 2-4 ပတ်လောက်ကြာတဲ့အထိ အနာလိုမျိုးကျန်နေခဲ့ပါသေးတယ်။
ရေယုန်အဖုလေးတွေက အသားချင်းထိတာ၊ နမ်းရှုံ့တာ၊ လိင်ဆက်ဆံတဲ့အခါတွေမှာ ကူးစက်တတ်တဲ့အပြင် အဝတ်အစား၊ တံခါးလက်ကိုင်၊ အိမ်သာ စတဲ့ နေ့စဉ်အသုံးအဆောင်တွေက တစ်ဆင့်တောင် ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ကလေးမွေးတဲ့အခါ မိခင်ကနေတစ်ဆင့်လည်း ကလေးကို ကူးစက်စေနိုင်တာမလို့ ကုသမှု စနစ်တကျ ခံယူသင့်တဲ့ အခြေအနေတစ်မျိုးလည်း ဖြစ်ပါတယ်။
ရေယုန်ဖြစ်နေကြောင်း ပြသတဲ့ လက္ခဏာတွေကတော့
- အဖုပေါက်တဲ့နေရာမှာ ယားယံခြင်း၊ ပူလောင်ခြင်း သို့မဟုတ် နာကျင်ခြင်း
- အသားအရေ နီမြန်းကာ အဖုအပိန့်များ ထလာခြင်း
- အဖုတွေပျောက်သွားတဲ့အခါ အနာဖေးလိုမျိုး ကျန်နေခဲ့ခြင်း
- ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ကြွက်သားကိုက်ခဲခြင်းတို့လို တုပ်ကွေးလက္ခဏာတွေ ပြလာခြင်း
- ရေယုန်က လိင်အင်္ဂါမှာ ပေါက်တယ်ဆိုရင် ဆီးသွားတဲ့အခါ နာကျင်ခြင်း
ဒီလက္ခဏာတွေ ခံစားနေရပြီဆိုရင် ရေယုန်ပေါက်နေတာ ဖြစ်နိုင်တာမလို့ မပေါ့ဆသင့်ဘဲ ဆရာဝန်တွေနဲ့ အမြန်ပြသင့်ပါတယ်။
My-Medicine မှာ ရေယုန်အပြင် ကာလသားရောဂါ၊ chlamydia နဲ့ gonorrhea စတဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ အရေပြားအခြေအနေတွေကို ရှာဖွေဖော်ထုတ်ကုသပေးမယ့် အထူးကုဆရာဝန်ကြီးများက online မှတစ်ဆင့် ကြည့်ရှုကုသပေးနေပြီဖြစ်တာမလို့ ဒီလိုရောဂါတွေပြဖို့အတွက် အိမ်ထဲက အပြင်ထွက်စရာမလိုတော့ဘူးနော်‼️
ဒါကြောင့် ရေယုန်နဲ့ အခြားအရေပြားအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆေးခန်းပြသလိုတယ်ဆိုရင်တော့ https://mymedicine.com.mm/r/demato ဒီလင့်ကိုနှိပ်၍ ရက်ချိန်းယူလို့ရသလို့ ဖုန်းနံပါတ် 5588 နှင့် 09-77-999-5588 သို့ ဆက်သွယ်မေးမြန်း စုံစမ်းလို့လဲရပါတယ်နော်။