စောင်းလျားသီးနဲ့ တန်ဆေးလွန်ဘေး

စောင်းလျားသီးနဲ့ တန်ဆေးလွန်ဘေး


အချဉ်ပေါင်းစားတိုင်း မပါမဖြစ် စောင်းလျားသီးမှာ Vitamin C နဲ့ အမျှင်ဓာတ်တို့လို အာဟာရဓာတ်တွေ ကြွယ်ဝစွာပါရှိဝာာ အမှန်ပါ။

ဒါပေမယ့်လည်း ဘယ်အစားအစာမဆို တန်ဆေးလွန်ဘေးဆိုတာရှိသလို စောင်းလျားသီးမှာလည်း ဆိုးကျိုးလေးတွေ ရှိတတ်တယ်ဆိုတာကို သိထားဖို့တော့ လိုမယ်နော်။


ပုံမှန်ပမာဏလောက်စားတာ ဘာမှမဖြစ်ဘူးဆိုပေမယ့် စောင်းလျားသီးအများကြီး စားမိတယ်ဆိုရင် -

  • အစာမကြေတာ
  • ဝမ်းလျှောတာ
  • ကြွပ်ထိုးတာ
  •  အော့အန်တာ
  • အိပ်မပျော်တာ
  • တက်တာ (seizures)

ဒီလို လက္ခဏာတွေခံစားရနိုင်တဲ့အပြင် အခန့်မသင့်ရင် အသက်ဆုံးရှုံးတဲ့အထိပါ ဖြစ်နိုင်ပါသေးတယ်‼️

အထူးသဖြင့် ကျောက်ကပ်မကောင်းသူတွေနဲ့ ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးများ သောက်သုံးနေရသူတွေဆီမှာ ဒီလိုအခြေအနေတွေ ပိုခံစားရတတ်တာကြောင့် အတတ်နိုင်ဆုံး ရှောင်ပေးဖို့ အကြံပေးပါရစေနော်။ တကယ်လို့မှ အရမ်းစား‌ချင်နေတယ်ဆိုရင်တောင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှသာ စားသင့်/ မစားသင့်ကို ဆုံးဖြတ်သင့်ပါတယ်။

ဒီလို ရောဂါအခံတွေကြောင့် ဘယ်အစားအစာက ကိုယ်နဲ့စားလို့တည့်မတည့် ဒွိဟဖြစ်နေရတာမျိုးတွေဆိုရင် ဆေးခန်းထိ အချိန်ကုန်ခံပြီး သွားစရာမလိုဘဲ  My-Medicine က ဆရာဝန်ကြီးတွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးတိုင်ပင်လို့ရပါတယ်နော်။

ဆရာဝန်နှင့် Appointment ယူခြင်း ဝန်ဆောင်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက https://mymedicine.com.mm/r/gpကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ်  5588 (သို့မဟုတ်) 09779995588  သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။



Share this post
Tags
Archive
ဟင်းနုနွယ်ရွက်ရဲ့ အသုံးဝင်ပုံ