Chia (ချီယာစေ့) က ဝိတ်ကျစေသလား

မက္ကဆီကို မှာ ပေါက်တဲ့ပင်ရင်းမျိုးအပင်လေးတွေရဲ့ အစေ့ဖြစ်တဲ့ ချီယာစေ့လေးဟာ ကမ္ဘာနဲ့တဝန်း က အာဟာရဗေဒပညာရှင်တွေနဲ့ အားကစားသမားတွေကြားမှာ ဝိတ်ကျစေတယ်ဆိုပြီး ခေတ်စားနေတာကြာပါပြီ။တကယ်ပဲ ဒီမဲမဲအစေ့လေးတွေသောက်ရုံနဲ့ ဝိတ်ကျစေနိုင်လို့လား လေ့လာကြည့်ရအောင်။

ချီယာစေ့မှာ အမျှင်ဓာတ်၊ အသားဓာတ်၊ ခန္ဓာကိုယ်အကျိုးပြု အဆီဓာတ် omega-3, omega-6 တွေ ပါဝင်ပါတယ်။ဒါ့အပြင် ကယ်လိုရီ၊ကယ်လ်ဆီယမ်၊မဂ္ဂနိစ်၊မဂ္ဂနီစီယမ်၊ဗီတာမင် B1,B2,B3၊ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)နဲ့ ဖောလိတ်အစရှိတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ချီယာစေ့မှာ အမျှင်ဓာတ်ပါဝင်တာကြောင့် ရေကိုစုပ်ယူထားပြီး ဗိုက်မဆာဘဲ အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် သွေးတွင်း က မကောင်းတဲ့ အဆီကိုလည်း ကျစေတာမို့ ဝိတ်ချနေသူများအတွက် မရှိမဖြစ် အစားအစာတခုဖြစ်လာပါတော့တယ်။

ချီယာစေ့ဟာ အစာခြေစနစ်ကို အထောက်အကူပြုရုံသာမက အူမကြီးလှုပ်ရှားမှုကို တိုးတက်စေကာ ဝမ်းမှန်စေပါတယ်။ အသားဓာတ်ကြောင့် ဝမ်းဗိုက်ကို ပြည့်အင့်စေပြီး ဝိတ်ချတဲ့အခါ အဆီတွေပဲ လောင်ကျွမ်းစေကာ ကြွက်သားထု ကို ထိန်းသိမ်းထားနိုင်စေပါတယ်။ချီယာစေ့ ကို ပုံမှန်သောက်ရင် တလ ၅ ပေါင်ကနေ ပေါင် ၂၀ ထိ ကျနိုင်တယ်ဆိုတဲ့အထောက်အထားများလည်းတွေ့ရှိရပါတယ်။နွားနို့၊သံပုရာရည်၊အသီးဖျော်ရည်၊ဒိန်ချဉ် တခုခုနဲ့ရောပြီး သောက်လို့ရသလို အစာမစားဘဲ ရေစိမ်ပြီး အလွတ်သောက်လို့လည်းရပါတယ်။

ဒါပေမယ့် အစာအိမ်ရောဂါရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်၊နို့တိုက်မိခင်တွေမှာ မစားသုံးသင့်ပါဘူး။ချီယာစေ့ အလွန်အကျွံစားမိလို့ဝမ်းပျက်ခြင်း၊လေထိုးလေအောင့်ဖြစ်ခြင်း၊ဓာတ်မတည့်ခြင်း၊ဝမ်းသွားခြင်း၊အရေပြားယားခြင်းနဲ့အူလမ်းကြောင်း ရောင်ရမ်းခြင်းစတဲ့လက္ခဏာတွေ လည်း တချို့မှာခံစားရနိုင်ပါတယ်။ချီယာစေ့ဟာ ပင်ကိုအရ သဘာဝဓာတ်ပေါင်းတွေနဲ့ပြည့်ဝနေတဲ့ နတ်ဆေးတပါးလို အစွမ်းထက်ပေမယ့် အလွန်အကျွံစားသုံးပါက အစာအိမ်နဲ့အူလမ်းကြောင်းမှာ ဒုက္ခရောက်နိုင်လို့ တန်ဆေးလွန်ဘေးမဖြစ်စေရန် ရေးသားလိုက်ရပါတယ်။


Share this post
Tags
Archive
ရှီးပဒီးလေးရဲ့ အသုံးဝင်ပုံ