မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…
ဒီနေ့တော့ ပညာရှိသွား (Wisdom Tooth)လို့ခေါ်တဲ့ အံဆုံးအကြောင်းလေးကို မျှဝေပေးသွားပါ့မယ်နော်။
အံဆုံးပေါက်ချိန်
အံဆုံးပေါက်ချိန်ကတော့ လူမျိုးအပေါ်မူတည်ပြီး အများကြီးကွဲပြားနိုင်ပါတယ်။ မြန်မာလူမျိုးများအတွက်ကတော့ ၁၇နှစ်ကနေ ၂၅နှစ်အတွင်းမှာ အံဆုံးပေါက်တတ်ကြပါတယ်။
ကြီးသွားတွေအားလုံးထဲမှာ နောက်ဆုံးမှ အသိပညာရင့်ကျက်တဲ့အရွယ်မှပေါက်တဲ့သွားမို့ ပညာရှိသွား (Wisdom Tooth) လို့ခေါ်ကြတာဖြစ်ပါတယ်။
အံဆုံးပေါက်တယ်လို့ အလွယ်ခေါ်ပေမယ့် .. အံဆုံးဟာ ပေါက်တဲ့အချိန်မှာ ချက်ချင်းတော့ အပြင်ကိုထွက်လာတာမျိုးမဟုတ်ပါဘူး။ စတင်ပေါက်ချိန်ကနေ ထွက်လာဖို့ နောက်ထပ် ၃ နှစ်လောက်အထိ အံဆုံးရဲ့အမြစ်တွေက ဆက်လက်ဖွံ့ဖြိုးနေရသေးတာဖြစ်ပါတယ်။
အံဆုံးဆိုတဲ့အတိုင်း ကျနော်တို့အံသွားတွေရဲ့ နောက်ဆုံးမှာပေါက်တဲ့ တတိယမြောက် အံသွားဖြစ်ပြီးတော့ .. အထက်၊ အောက်၊ ဘယ်၊ ညာ ဆိုပြီး အားလုံးပေါင်း ၄ ချောင်းပေါက်နိုင်ပါတယ်။
အံဆုံးပေါက်ချိန်မှာ အားလုံးနီးပါးကတော့ နာတတ်တာများပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အံဆုံးက အံသွားတွေရဲ့အနောက်ဘက်က သွားဖုံးကိုဖောက်ပြီး အပြင်ကို ထွက်လာရတာမို့ပါ။
ပြီးတော့ အံဆုံးအများစုက ပုံမှန်တိုင်းမထွက်လာနိုင်ကြတာများပြီး ရှေ့က အံသွားတွေကို သွားထိုးမိ တိုက်မိနေတာမျိုး ဘေးကနေဖောက်ထွက်တာမျိုးတွေရှိတတ်ပါတယ်။ အလွန်အမင်းနာကျဥ်ရင် ဒါမှမဟုတ် ဘက်တီးရီးယားတွေကြောင့် ကိုက်ခဲတာတွေဖြစ်လာရင်တော့ အံဆုံးကို ဖယ်ရှားပစ်ရတတ်ပါတယ်။
အံဆုံးနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတာ ၅ ခုလဲရှိနေပါတယ်
အဲ့တာတွေကတော့ ..
အံဆုံးအများစုဟာ နှုတ်ပစ်ဖို့ လိုအပ်နေတတ်ပါတယ်
ကမ္ဘာ့လူဦးရေရဲ့ ၃၅% က အံဆုံးမပေါက်ကြပါဘူး
အံဆုံးမပေါက်အောင် ဘာလုပ်ရမလဲဆိုတဲ့ စမ်းသပ်ချက်တွေလုပ်နေကြတာမျိုးလဲ ရှိနေပါတယ်
အံဆုံးပေါက်သူအားလုံးရဲ့ ၉၀% ဟာ ထွက်မလာဘဲစောင်းနေတတ်ပါတယ် (Impacted Wisdom Tooth လို့ ခေါ်ပါတယ်)
အံဆုံးဟာ စားဖို့ဝါးဖို့၊ စကားသံပီသဖို့၊ အလှအပ ဘယ်ကဏ္ဍမှာမှ အသုံးမဝင်တဲ့သွားလဲဖြစ်ပါတယ်
ဟုတ်ကဲ့ပါဗျ … ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးတဲ့အတွက်လဲကျေးဇူတင်ပါတယ်။ စာဖတ်သူတို့မှာလဲ ဒုက္ခပေးတဲ့ အံဆုံးလေးတွေရှိနေမယ်ဆိုရင်လဲ မပေါ့ဆသင့်ပါဘူးနော်။ ဒုက္ခပေးနိုင်ခြေ ရှိလားမရှိလားကိုတော့ မေးရိုးဓါတ်မှန်ရိုက်ကြည့်ပြီး စစ်ဆေးနိုင်ပါတယ်။
သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ကျွမ်းကျင်သော သွားဆရာဝန်ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။