အဘယ်ကြောင့် MY-MEDICINE ကိုရွေးချယ်သင့်သလဲ?

 My-Medicine သည် အရည်အသွေး (Quality)၊ စရိတ်သက်သာမှု (Affordability)၊ နှင့် အဆင်ပြေလွယ်ကူမှု (Convenience) တို့ကို အခြေခံသည့် မူဝါဒများကို လိုက်နာလျက်၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုများကို အသုံးပြု၍ လူနာတစ်ဦးချင်းစီအတွက် သင့်တော်သော လမ်းညွှန်မှုများနှင့် အကောင်းဆုံးဖြေရှင်းနည်းများကို အကြံပြုပေးရန် ရည်ရွယ်ထားပါသည်။My-Medicine သည် သင့်ကျန်းမာရေးကို စိတ်ချရပြီး ထိရောက်သောနည်းလမ်းဖြင့် ကုသပေးရန် ကတိပြုထားပါသည်။

ထိရောက်သောအကြံပြုချက်များဖြင့် ပိုမိုကောင်းမွန်သောစောင့်ရှောက်မှု

 My-Medicine သည် သင့်ရဲ့ တစ်ဦးချင်းလိုအပ်ချက်များကို နားလည်သော ဆေးဘက်ဆိုင်ရာအဖွဲ့နှင့် ချိတ်ဆက်ပေးပြီး စိတ်တိုင်းကျလမ်းညွှန်မှုများ ကို ပေးစွမ်းပါသည်။ ကုသမှုနည်းလမ်းအမျိုးမျိုးကို ပံ့ပိုးပေးခြင်းဖြင့်၊ My-Medicine သည် သင့်အတွက် အကောင်းဆုံးနှင့် ထိရောက်မှုအရှိဆုံး ကုသမှုများကို အကြံပြုပေးပါသည်။ 

စရိတ်သက်သာသော ကျန်းမာရေးစောင့်ရှောက်မှု

My-Medicine သည် ထိုင်းနိုင်ငံရှိ အလတ်စားမှစ အဆင့်မြင့်ဆေးရုံများတွင် ဆေးကုသမှုခံယူခြင်းကို ရရှိနိုင်ပြီး၊ ကုသမှုစရိတ်များကို ပွင့်လင်းမြင်သာစွာ နှိုင်းယှဉ်ပေးပါသည်။ ဤသည်မှာ လူနာများ၏ ငွေကြေးသုံးစွဲနိုင်မှု ပမာဏကို မကျော်လွန်ဘဲ၊ အရည်အသွေးမြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိစေရန် ရည်ရွယ်ပါသည်။ My-Medicine မှကုန်ကျစရိတ်သက်သာပြီး ယုံကြည်စိတ်ချရသော ဆေးကုသမှုကိုရရှိစေရန် စီစဉ်ဆောင်ရွက်ပေးပါသည်။

မြန်ဆန် ထိရောက်သော ဆေးကုသမှုအတွေ့အကြုံ

  My-Medicine မှတစ်ဆင့် လူနာများသည် လွယ်ကူ မြန်ဆန်သော ရက်ချိန်းရယူမှုနှင့် ကုသမှုခံယူခြင်း လုပ်ငန်းစဉ်များကို ရရှိနိုင်ပါသည်။ ထို့အပြင်၊ မြန်ဆန်သော တုံ့ပြန်မှုနှင့် စနစ်တကျဖွဲ့စည်းထားသော လုပ်ငန်းစဉ်များကြောင့် ထိုင်းနိုင်ငံမှ အတွေ့အကြုံရှိဆေးရုံများနှင့် ချောမွေ့စွာ ချိတ်ဆက်နိုင်ပြီး၊ ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုအတွေ့အကြုံကို ရရှိစေပါသည်။

 MY-MEDICINE ၏ ဆေးကုသမှုခရီးသွားလာရေးဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် ဆေးကုသမှုခရီးသွားလာရေးအေဂျင်စီတစ်ခုထက် ပိုမိုကျယ်ပြန့်သော ဝန်ဆောင်မှုများကို ပေးစွမ်းပါသည်။ ကျွန်ုပ်တို့သည် စုံလင်သော ကျန်းမာရေးစောင့်ရှောက်မှုဖြေရှင်းနည်းများ ကို ပေးစွမ်းနိုင်သော ကျွမ်းကျင်ဆေးပညာနယ်ပယ်အသီးသီးမှ သူများပါ၀င်ဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်သောကြောင့် လူနာများ၏ ခရီးစဉ်ကို ချောမွေ့စေရန်နှင့် စိတ်တိုင်းကျဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

ထိ‌‌ရောက်သော ကုသမှုနှင့် ကျန်းမာရေးအစီအစဉ်များ

ရက်ရှည်ဆေးကုသမှုအတွက်ဗီဇာစီစဉ်ပေးခြင်း

ခရီးသွားလာရေးနှင့် နေထိုင်မှုစီစဉ်ပေးခြင်း

ခရီးသွားလာရေးအခွင့်အလမ်းများ

စနစ်တကျဖွဲ့စည်းထားသော ကုသမှုအစီအစဉ်များ

ဆေးကုသမှုခရီးစဉ်၏ အဆင့်များ

အဆင့် ၁: ကျွန်ုပ်တို့ကို ဆက်သွယ်ပါ

  • ကျွန်ုပ်တို့၏ လူမှုကွန်ရက်စာမျက်နှာများ (သို့ )ဖုန်းနံပါတ်ကို ခေါ်ဆိုဆက်သွယ်ပါ။
  • လူနာများ၏ အချက်အလက်များနှင့် ဆေးမှတ်တမ်းများကို ကျွန်ုပ်တို့ထံ ပေးပို့ပါ။

အဆင့် ၂: စီစဉ်ခြင်း

  • လူနာများ၏ ကျန်းမာရေးအခြေအနေနှင့် လိုအပ်ချက်များကို အခြေခံ၍ ကနဦးတိုင်ပင်ဆွေးနွေးမှုကို ရရှိပြီး ကုသမှုအစီအစဉ်များကို ရေးဆွဲပေးပါသည်။

အဆင့် ၃: ခရီးသွားလာရေး

  • ကုသမှုကို အတည်ပြုပြီး၊ ဗီဇာ (လိုအပ်ပါက)၊ လေယာဉ်လက်မှတ်နှင့် ဟိုတယ်ဘွတ်ကင်များအပါအဝင် ခရီးသွားလာရေးစီစဉ်မှုများကို ပြီးမြောက်အောင်ဆောင်ရွက်ပေးပါသည်။

အဆင့် ၄: ကုသမှုလုပ်ငန်းစဉ်

  • လေယာဉ်ကွင်းတွင် လာရောက်ကြိုဆိုခြင်း
  • ကုသမှုမတိုင်မီ လိုအပ်သောစစ်ဆေးမှုများပြုလုပ်ခြင်း
  • ဆေးရုံတွင် ကုသမှုခံယူခြင်း
  • ပြန်လည်သက်သာပြီး ဆေးရုံမှ ဆင်းခွင့်ရခြင်း

အဆင့် ၅: ကုသမှုခံယူပြီး

  • ဆေးရုံတွင် ကုသမှုခံယူခြင်း အားလုံးအတွက် ငွေပေးချေခြင်း 
  • ခွဲစိတ်ကုသမှုအပြီး တိုင်ပင်ဆွေးနွေးခြင်း၊ နောက်ဆက်တွဲစီစဉ်များနှင့် ဆေးဝါးမှာယူခြင်း

အဆင့် ၆: နောက်ဆက်တွဲစောင့်ရှောက်မှု

  • အိမ်ပြန်ခရီးစဉ်
  • My-Medicine မှတစ်ဆင့် ဆေးကုသမှုမှတ်တမ်း၊ အကြံပေးချက်များနှင့် နောက်ဆက်တွဲစောင့်ရှောက်မှုများကို ရယူပါ။

Step 1: Contact Us

Patient connect to My-Medicine, send patient info, medical records

အဆင့် ၂: စီစဉ်ခြင်း

Receive initial treatment plans and cost estimate

အဆင့် ၃: ခရီးသွားလာရေး

Schedule for treatment, plan the trip, visa if necessary, book flight & hotel

အဆင့် ၄: ကုသမှုလုပ်ငန်းစဉ်

Make payment & proceed with the require treatment at the hospital

အဆင့် ၅: ကုသမှုခံယူပြီး

Post-op consultation and follow up plans

Recover & Discharge

အဆင့် ၆: နောက်ဆက်တွဲစောင့်ရှောက်မှု

အိမ်ပြန်ခရီးစဉ်

Follow-ups schedules through My-Medicine

 My-Medicine ၏ မိတ်ဖက်ဆေးရုံများ

ဗီးမွတ် ဆေးရုံ

ဗီးမွတ်ဆေးရုံ သည် ဘန်ကောက်မြို့၏ စီးပွားရေးအချက်အခြာကျသောနေရာတွင် တည်ရှိပြီး အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသောဆေးရုံတစ်ခုဖြစ်ပါသည်။ ဤဆေးရုံသည် ၁၈ ထပ်အဆောက်အဦးဖြစ်ပြီး ခုတင် ၂၃၆ လုံးပါဝင်ကာ၊ ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးရွှေစံနှုန်းဖြစ်သော Joint Commission International (JCI) စံနှုန်းများနှင့်ကိုက်ညီအောင် ဖန်တီးတည်ဆောက်ထားပါသည်။

အထူးကုဆိုင်ရာဝန်ဆောင်မှုများ

ဆေးရုံသည် အောက်ပါ အဆင့်မြင့်စောင့်ရှောက်မှုများကို ပေးစွမ်းရန် အထူးပြုထားပါသည်။

  • နှလုံးနှင့်ဦးနှောက်ကျန်းမာရေး
  • ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာရောဂါများ
  • အရိုးနှင့် ပြန်လည်သန်စွမ်းရေးကုသမှု
  • အစာအိမ်နှင့် အသည်းကျန်းမာရေး
  • သက်ကြီးရွယ်အိုစောင့်ရှောက်မှု

အဓိက ခွဲစိတ်ကုသမှုများမှ ပြန်လည်နာလန်ထူနေသော လူနာများအတွက် ကုသစောင့်ရှောက်မှုများရရှိနိုင်ပါသည်။

ဆက်သွယ်ရန်

လာဘ်ဖရောင်း ထွေထွေဆေးရုံ

လာဘ်ဖရောင်း ထွေထွေဆေးရုံသည် ဘန်ကောက်မြို့တွင် တည်ရှိသော ပုဂ္ဂလိကကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ စျေးနှုန်းသက်သာစွာဖြင့် အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပေးစွမ်းသည့် ဆေးရုံတစ်ခုအဖြစ် လူသိများသည်။ ဤဆေးရုံသည် ကာကွယ်ရေးနှင့် ရောဂါရှာဖွေရေးဝန်ဆောင်မှုများကို အထူးအလေးထားပြီး၊ ကျန်းမာရေးစစ်ဆေးမှုများ၊ ဓာတ်ခွဲခန်းစမ်းသပ်မှုများနှင့် ဆီးချိုရောဂါ၊ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ၊ ကင်ဆာစသည့် ရောဂါများအတွက် ကုသမှုများကို ပေးစွမ်းလျက်ရှိသည်။

အထူးကုဆိုင်ရာဝန်ဆောင်မှုများ

ဆေးရုံသည် အောက်ပါ အဆင့်မြင့်စောင့်ရှောက်မှုများကို ပေးစွမ်းရန် အထူးပြုထားပါသည်။

  • အထွေထွေကျန်းမာရေးနှင့် ခွဲစိတ်ကုသမှု
  • အရိုးအဆစ်နှင့် ကြွက်သားဆိုင်ရာကုသမှု
  • နှလုံးကျန်းမာရေးဆိုင်ရာကုသမှု
  • အမျိုးသမီးများ၏ ကျန်းမာရေး
  • ကလေးကျန်းမာရေး
  • သွားနှင့်ခံတွင်းကျန်းမာရေး ဝန်ဆောင်မှု
ဆက်သွယ်ရန်

အထူးကုသမှုများ

ကင်ဆာကုသမှုနည်းလမ်းများ

ကင်ဆာလူနာအတွက် ကင်ဆာဆေးသွင်းကုသမှု (Chemotherapy)၊ ဓာတ်ရောင်ခြည်ကုသမှု (Radiotherapy) နှင့် ခွဲစိတ်ကုသမှု (Surgery) တို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ရန် လိုအပ်သော ညှိနှိုင်းမှုများကို ဆောင်ရွက်ပေးခြင်း

နှလုံးကုသမှုနည်းလမ်းများ

နှလုံးရောဂါ (Heart Disease)၊ ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း (Acute Myocardial Infarction - AMI)၊ နှလုံးအဆို့ရှင်ရောဂါ (Cardiac Valve Disease) နှင့် အခြားနှလုံးဆိုင်ရာ ပြဿနာများကို ကုသရန် စီစဉ်ဆောင်ရွက်ပေးခြင်း

မျိုးဆက်ပွားကျန်းမာရေး

မျိုးဆက်ပွားဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့နေရသူများအတွက် သီးသန့်ကုသမှုနှင့် ရွေးချယ်စရာများကို စီစဉ်ဆောင်ရွက်ပေးခြင်း

အရိုးနှင့်ကြွက်သားကျန်းမာရေးကုသမှုများ

ထိခိုက်ဒဏ်ရာများ၊ အသက်အရွယ်ကြီးရင့်မှုနှင့် ဆက်စပ်သော အဆစ်ပြဿနာများ၊ ဒူးခွဲစိတ်ကုသမှုများနှင့် တင်ပါးဆုံရိုးခွဲစိတ်ကုသမှုများအတွက် အရိုးနှင့်ကြွက်သားဆိုင်ရာ ထိပ်တန်း ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခြင်းနှင့် ကုသမှုများ စီစဉ်ပေးခြင်း

မျက်စိကျန်းမာရေးနှင့် အခြားအထူးကုသမှုများ

မျက်စိကျန်းမာရေးဆိုင်ရာ ကုသမှုများကို ကျယ်ပြန့်စွာ ရရှိစေရန် အတွက် လေဆာကုထုံး (Laser Therapy) မှ မျက်လုံးအတွင်းတစ်ရှူးခွဲစိတ်ကုသမှု (Retinal Surgery) အထိ ခေတ်မီနည်းပညာများကို အသုံးပြုကာ ကျွမ်းကျင်သော မျက်စိဆရာဝန်များမှ စနစ်တကျ ကုသပေးခြင်း

ကျန်းမာရေးစစ်ဆေးခြင်း

ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်သိရှိရန်နှင့် ရောဂါများကို အစောပိုင်းအဆင့်တွင် သိရှိနိုင်ပြီး၊ ထိရောက်သော ကုသမှုများဖြင့် ရောဂါကို ထိန်းချုပ်နိုင်ကာ နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်စေရန်အတွက် ကျန်းမာရေးစစ်ဆေးပေးခြင်း


MY-MEDICINE နဲ့ 

အတူ

ထိုင်းနိုင်ငံမှာ ကုသမှုခံယူ


ထိုင်းနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် စီစဉ်ထားသူများအတွက် ကျွန်ုပ်တို့  My-Medicine မှ စိတ်စေတနာအပြည့်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။​

ဆက်သွယ်ရန်

09 98063 5588

09 77999 5588


ဆေးဝါးကျွမ်းကျင်သူနှင့် ဖုန်းပြောရန်

5588 (Non-MPT user)

We are sending update!

Please leave your email and you are always up to date!