- ခေါင်းလျှော်ပြီးပါက ဆံပင်ရှိရေများကို လက်ဖြင့်ညှင်သာစွာ ညှစ်ချပါ။
- ဆံပင်များရှေ့သို့ကျသွားစေရန် ခေါင်းကိုငုံ့ချပါ။ ခေါင်းအနောက်ဘက်မှအရှေ့သို့ တဘက်ကိုဖြန့်ပြီး ဆံပင်များကိုအုပ်ပါ။ ဆံပင်များကို တဘက်အစွန်းနှစ်ဖက်နှင့် စုပြီးလိမ်လိုက်ပါ။ ထို့နောက် ဦးခေါင်းအနောက်ဘက်သို့ ပို့လိုက်ပြီး တဘက်ရှိ ရှုံ့ကြိုးသို့ ချည်နှောင်ပါ။
- ဆံပင်များ သွေ့အောင် မိနစ် (၂၀)မှ (၃၀)ခန့်အထိ ထားနိုင်ပါသည်။ ထို့နောက် တဘက်ကိုဖယ်ရှားပြီး ဆံပင်ကို လိုသလို ပုံသွင်းနိုင်ပါပြီ။
- ဆံပင်ကို ကြမ်းတမ်းစွာပွတ်ခြင်းကိုရှောင်ကြဉ်ပါ။ အရမ်းတင်းကြပ်မနေဘဲ သက်သာတဲ့အနေအထားဖြင့်သာ ပတ်ထားရန်ဂရုစိုက်ပါ။