ရင်သားကင်ဆာ စစ်ဆေးပါ

ရင်သားကင်ဆာ စစ်ဆေးပါ


 ရင်သားကင်ဆာဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီးတွေအတွက် အဖြစ်များဆုံး ကင်ဆာအမျိုးအစားတွေထဲက တစ်ခုပါ။ မြန်မာအမျိုးသမီးတွေမှာ အဖြစ်များဆုံး   ကင်ဆာအဖြစ် ရပ်တည်နေသလို အရှေ့တောင်အာရှမှာဆိုရင်ပဲ 2018 တုန်းက ရင်သားကင်ဆာ ခံစားရသူ အမျိုးသမီးအရေအတွက်က 38.1% တောင် ရှိခဲ့ပါတယ်။   ရင်သားကင်ဆာဟာ မျိုးရိုး၊ ဟော်မုန်းတို့ကြောင့် အဖြစ်များတတ်သလို တစ်ခါတစ်လေမှာ မျိုးရိုးမရှိဘဲလဲ အဝလွန်တာနဲ့ အရက်၊ ဆေးလိပ်တို့လို ‌နေထိုင်မှုပုံစံအချို့   ကြောင့်လဲ ဖြစ်တတ်တာကြောင့် ကင်ဆာတို့ရဲ့ ထုံးစံအတိုင်း အချိန်နောက်ကျမှ သိလိုက်ရတာမျိုး မဖြစ်ရလေအောင် အမျိုးသမီးတို့အနေနဲ့ ရင်သားကို ကိုယ်တိုင် ပုံမှန်   စစ်ဆေးပေးသင့်ပါတယ်။

  ဘယ်လိုတွေစစ်ဆေးကြည့်ရမလဲဆိုရင်.......

  1.  မှန်ရှေ့မှာ မတ်တပ်ရပ်ပြီး ရင်သားရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ အရောင်ပြောင်းလဲမှုတွေ ရှိလား အာရုံစိုက်ပေးပါ။ ရင်သား အရေပြားရောင်ရမ်းနေတာ၊ချိုင့်နေတာနဲ့ဖောင်းထွက်နေတာမျိုး ရှိမရှိကိုလဲ အမြဲသတိထား စစ်ဆေးပေးရပါမယ်။
  2.  လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်ပြီး ရင်သားမှာ အပေါ်ကလို အပြောင်းအလဲရှိမရှိကို ထပ်စစ်ဆေးကြည့်ပါ။
  3.   ပက်လက်အိပ်ပြီး ရင်သားမှာ အလုံးအခဲနဲ့ အခြားမူမမှန်မှုတွေ ရှိနေလားသိရအောင် လက်နဲ့စမ်းကြည့်ပါ။ လက်ချောင်းတွေကို ရင်သားတစ်ဝိုက်မှာ စက်ဝိုင်းပုံရွှေ့ပြီး ပြောင်းလဲမှုတွေရှိမရှိ စစ်ဆေးနိုင်ပါတယ်။
  4.  အမျိုးသမီးတို့အနေနဲ့ ရင်သားကို အနည်းဆုံး အနည်းဆုံး တစ်လတစ်ကြိမ်စစ်ဆေးပေးသင့်ပြီး အထူးသဖြင့် ဓမ္မတာလာပြီး ရက်အနည်းငယ်အကြာမှာ စစ်ဆေးပေးတာ အကောင်းဆုံးပါ။

ပုံမှန်စစ်ဆေးနေရင်းက ရင်သားမှု ပြောင်းလဲမှုနဲ့ မူမမှန်မှုတွေကို သတိပြုမိရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ဖို့ အရေးကြီးပါတယ်။ ပြီးရင် ဆရာဝန်က mammogram ရိုက်တာတို့ အသားစစစ်ဆေးတာတို့ ပြုလုပ်ပြီး ရင်သားကင်ဆာ ဟုတ်မဟုတ် အတည်ပြုပေးပါလိမ့်မယ်။

 ရင်သားကင်ဆာဖြစ်နေကြောင်း သေချာသွားတဲ့အခါ ရောဂါအခြေအနေကိုလိုက်ပြီး ခွဲစိတ်ကုသတာနဲ့ ဓာတ်ကင်တာတို့အပြင် ဓာတ်ရောင်ခြည်ကုထုံးနဲ့ ဟော်မုန်းကုထုံးတို့ကိုလည်း အသုံးပြုပြီး ကုသနိုင်မှာဖြစ်ပါတယ်။

  • ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်ဆိုပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်။
  • လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားတာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
  • မိခင်နို့တိုက်ကျွေးခြင်းကလည်း ရင်သားကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။


ဟုတ်ကဲ့ပါ ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ ကျေးဇူတင်ပါတယ်။ ပြီး​​တော့ …

ရင်သားကျန်းမာရေးအတွက် အထူးကုဆရာဝန်​ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ https://mymedicine.com.mm/r/Cancerကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။




Share this post
Tags
Archive