ရင်ဘတ်အောင့်တာကနှလုံးရောဂါလား?

ရင်ဘတ်အောင့်တာကနှလုံးရောဂါလား?


ရုပ်ရှင်ကားတွေမှာဆိုရင် ရန်ဖြစ်တဲ့အခါ အော်ကြီးဟစ်ကျယ်ပြောကြရင်း ရင်ဘတ်ကြီးထုပြီး နှလုံးတွေ အောင့်လိုက်တာ လို့ ပြောလေ့ရှိကြပါတယ်။

- ရင်ဘတ်အောင့်တာကတကယ်ပဲနှလုံးရောဂါလား? 

- စိုးရိမ်ပူပန်ခြင်းသက်သက်လား?

- ကြွက်သားနာလို့ဖြစ်တာလား?

နေ့စဉ်ဘဝမှာ လူတိုင်းဟာ အနည်းတဲ့အများတော့ စိုးရိမ်ပူပန်မှုနဲ့ ဒေါသထွက်တာတွေ ရှိကြပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်မှုကို မကြာခဏခံစားနေရတဲ့အခါ စိတ်ပိုင်းဆိုင်ရာသာမကဘဲ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ဖြစ်ပေါ်လာတတ်ပါတယ်။အထူးသဖြင့် ရင်ဘတ်အောင့်တတ်တာမျိုးပေါ့။ ရင်ဘတ်အောင့်တယ်ဆိုရင်ပဲ တော်တော်များများ က နှလုံးရောဂါခံစားရတယ်လို့ ထင်နေတတ်ကြပါတယ်။တကယ်တော့ ဒေါသထွက်လွယ်သူ၊စိုးရိမ်ပူပန်တတ်တဲ့သူဆိုရင်လည်း ရင်ဘတ်အောင့်တတ်ပါသေးတယ်။

စိုးရိမ်ပူပန်မှု လက္ခဏာဟာ လူတစ်ဦးနဲ့ တစ်ဦး မတူပါဘူး။ လူတစ်ဦးထဲမှာတောင်မှ တစ်ခါတရံ ခံစားရတဲ့လက္ခဏာတွေ မတူတတ်ပါဘူး။တခါတရံမှာ ပုံမှန် ခံစားရတတ်ပြီး တစ်ချို့တွေမှာတော့ ရုတ်တရက် မမျှော်လင့်ဘဲခံစားရတတ်ပါတယ်။စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တာကို ဖော်ပြလေ့ရှိတဲ့ ခံစားရတဲ့ လက္ခဏာတွေကတော့ စူးခနဲအောင့်ခြင်း၊တောက်လျှောက် အောင့်နေခြင်း၊ရင်တုန်ခြင်း၊ရင်ပူခြင်း၊ဓားနဲ့ ထိုးသလိုနာခြင်းနဲ့ ရင်ဘတ်တစ်ခုလုံး တင်းကျပ်နေခြင်းတို့ ဖြစ်တတ်ပါတယ်။

နှလုံးသွေးကြောကျဉ်း လက္ခဏာရှိတဲ့ လူနာတချို့ဟာလည်း ရင်ဘတ် ခဏခဏအောင့်တတ်ကြပါတယ်၊ ဆေးတွေပေးလည်း မသက်သာလို့ တခြားရောဂါကြောင့်ပဲလား ၊စိတ်ဖိစီးတာကြောင့်လား စသဖြင့် ထင်မိတာတွေရှိတတ်ပါတယ်။ရင်ဘတ်ရှေ့နောက် ညှပ် ပြီး အောင့်တာ ၊ လှုပ်ရှားရင်မောတဲ့အချိန်မှာအောင့်တာ၊ သွေးကြောကျယ်ဆေးငုံမှ သက်သာတာ၊ အစာအိမ်နေရာကနေ အောင့်တာ အစရှိသဖြင့် လက္ခဏာတွေပြလာပြီဆိုရင် နှလုံးသွေးကြောကျဉ်း ရှိ မရှိ စစ်ဆေးမူတွေပြုလုပ်ပြီး ရောဂါရှာဖွေရပါမယ်။

ရင်ဘတ်အောင့်ခြင်းဟာ စိတ်ဖိစီးမှူကြောင့်ဖြစ်တာအပြင် နှလုံးသွေးကြောကျဉ်းရောဂါ အပြင်တခြား ကိုယ်တွင်းအင်္ဂါ များကြောင့်လည်း ဖြစ်နိုင်ပါသဖြင့် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ထိထိရောက်ရောက်ရောဂါရှာဖွေပြီး ကုသဖို့လိုအပ်ပါတယ်။

ကျွန်မတို့ My-Medicineမှာဆိုရင်လည်းနှလုံးရောဂါနဲ့ပတ်သက်ပြီးကျွမ်းကျင်အထူးကုဆရာဝန်​ကြီးများစွာရှိတာဖြစ်လို့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါက https://mymedicine.com.mm/r/Cardio ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။



Share this post
Tags
Archive
နှလုံးအဆို့ရှင်ကျယ်ခြင်းအကြောင်း