မိုးတွင်းရယ် မှိုတွေရယ် သင့်အရေပြားရယ်

မိုးတွေ အရမ်းသည်းနေချိန် လေထဲမှာ စိုစိစိုစိကြီး ဖြစ်နေတာကို ခံစားဖူးကြတယ်မလား


ဒါက လေထဲမှာ စိုထိုင်းဆတွေ အရမ်းများနေတာကို ပြနေတာပါ…

ဒီလို အစိုဓာတ်တွေ ‌ပေါများပြီး စိုထိုင်းဆတွေ မြင့်တက်နေတဲ့ မိုးရာသီမှာ ပေါ်လာတတ်တာကတော့ မှိုတွေပါပဲ

အစိုဓာတ်ကြောင့်ဖြစ်တဲ့ မှိုတွေကို နံရံနဲ့ မျက်နှာကြတ်တို့မှာ အများဆုံးတွေ့ရတတ်ပြီး ရေရှည်ထိတွေမယ်ဆို အသက်ရှူလမ်းကြောင်းကို ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးဖြစ်တဲ့ လူတော်တော်များများ သတိမထားမိကြတာက စိုထိုင်း‌ဆတွေကြောင့် အရေပြားပေါ်မှာပါ မှိုတွေပေါက်‌တတ်တာကိုပါ!

အထူးသဖြင့် မိုးတွင်းလို လေထဲမှာ အစိုဓာတ်လွန်ကဲနေတဲ့ ကာလမျိုးမှာ fungal infection လို့ခေါ်တဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို ခြေချောင်းတွေကြားထဲနဲ့ ရင်သားအောက်တို့လို စိုစွတ်လွယ်တဲ့ နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ဒီလို မှိုပိုးဝင်တဲ့အခါ ယားယံပြီး အဖုတွေလဲထလာတတ်တာကြောင့် မသက်မသာဖြစ်ရတာတော့ အမှန်ပဲမလို့ အဖြစ်ခင် တားဆီးနိုင်ဖို့ နည်းလမ်းလေးတွေကို ကြိုတင်သိရှိထားသင့်ပါတယ်နော်

1️⃣ သန့်ရှင်းပြီး ခြောက်သွေ့အောင်နေပါ 

ရေပုံမှန်ချိုးပေးပြီးတော့ အမြဲတမ်း အရေပြားကို သေချာခြောက်သွေ့အောင် သုတ်ပေးပါ။ အထူးသဖြင့် ခြေချောင်းတွေနဲ့ ပေါင်ခြံကြားတို့လို အစိုဓာတ်များတဲ့ နေရာမျိုးတွေကို သေချာခြောက်အောင် သုတ်ပေးရပါမယ်


2️⃣ ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ရွေးချယ်ပါ 

ချွေးထွက်နည်းစေဖို့အတွက် ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သား သို့မဟုတ် လီနင်တို့လို natural fiber တွေနဲ့ ပြုလုပ်ထားတဲ့ အထည်များကိုသာ ရွေးချယ်ဝတ်ဆင်ပေးပါ။


3️⃣ ခြောက်သွေ့အေးမြနေပါ‌စေ 

လေထဲတွင် အစိုဓာတ်လွန်ကဲတဲ့အခါ မှို‌တွေ ပိုမိုပေါက်ဖွားစေတာကြောင့်  စိုစွတ်တဲ့ ရာသီဥတုမှာ အပူဒဏ်ရော အစိုဓာတ်ရောကို ထိန်းသိမ်းဖို့ ပန်ကာနဲ့ လေအေးပေးစက်များကို အသုံးပြုပေးနိုင်ပါတယ်။ 


4️⃣ တစ်ကိုယ်ရေပစ္စည်းများ မျှဝေခြင်းကို ရှောင်ကြဉ်ပါ 

မှိုတွေက လက်သုတ်ပုဝါ၊ အဝတ်အစားနဲ့ ဖိနပ်တို့လို ပစ္စည်းတွေကတစ်ဆင့်လည်း အလွယ်တကူ ပျံ့နှံ့နိုင်တာကြောင့် ကိုယ်ပိုင်ပစ္စည်းများကိုသာ အသုံးပြုသင့်ပြီး သုံးပြီးတိုင်းလည်း ပုံမှန်လျှော်ဖွတ် ဆေးကြောပေးသင့်ပါတယ်နော် 


5️⃣ ခြေထောက်တွေကို အထူးဂရုစိုက်ပေးပါ 

အကယ်၍ သင်က ခြေဆီထွက်တဲ့သူဆိုရင် ဖိနပ်ထဲမှာ မှိုသတ်ဆေးမှုန့်နဲ့ ဖြန်းဆေးတွေကို အသုံးပြုပေးနိုင်ပါတယ်။ ဒါ့အပြင် ရှူးဖိနပ်တွေအစား လေဝင်လေထွက်ကောင်းတဲ့ ခြေထိုးဖိနပ်နဲ့ slide တွေ ရွေးချယ်ဖို့ အကြံပေးပါရစေ


6️⃣ လက္ခဏာတွေကို လျစ်လျူမရှုလိုက်ပါနဲ့ 

အရေပြားပေါ်မှာ ပုံမှန်မဟုတ်တဲ့ အဖုအပိန့်တွေ၊ ယားယံမှုနဲ့ နီမြန်းတာတွေကို သတိပြုမိရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ အမြန်တိုင်ပင်ပေးပါ။  စောစောစီးစီး ကုသမှုကသာ အရေပြားပေါ်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်အောင် ဟန့်တားနိုင်မှာမလို့ပါ


အရေပြားပြဿနာအမျိုးမျိုးနဲ့ ပတ်သက်လို့အထူးကုဆရာဝန်ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်စေ https://mymedicine.com.mm/r/demato  ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။



Share this post
Tags
Archive
ဝဲနေတာ လိပ်ပြာလေးတွေပဲ ကောင်းပါတယ်