အဝလွန်ခြင်းနှင့်ဆီးချိုအန္တရာယ်

အဝလွန်ခြင်းနှင့်ဆီးချိုအန္တရာယ်


မကြာခဏဆီးသွားခြင်း၊ရေငတ်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ခန္ဓာကိုယ်ယားယံခြင်း၊အဖြူဆင်းခြင်း၊ညဖက်ဆီး မကြာခဏထသွားရခြင်းနဲ့အနာမကျက်ခြင်းတို့ကို ကြုံတွေ့ရတတ်ပါသလား။ဒါဆိုရင်တော့ သင့်ဆီမှာ ဆီးချိုရောဂါရှိနေဖို့ များပါတယ်။ဆီးချိုရောဂါကို အမျိုးအစား (၁) နဲ့ (၂) ဆိုပြီး နှစ်မျိုးခွဲခြားလို့ရပါတယ်။

အမျိုးအစား(၁)ကတော့ မျိုးရိုးလိုက်လို့ ငယ်စဉ်ထဲက ဆီးချိုရှိတာဖြစ်ပြီး တချို့လူတွေကတော့အစားအသောက်မထိန်းနိုင်ဘဲ လှုပ်ရှားမှုမရှိ၊အဝလွန်ရာကနေ ဆီးချိုရောဂါဖြစ်လာကြပါတယ်။ဒီလို ဖြစ်လာတဲ့ဆီးချိုကိုတော့ အမျိုးအစား ( ၂ ) ဆီးချို လို့ သတ်မှတ်ကြပါတယ်။အမျိုးအစား ( ၂ ) ဆီးချိုဟာ ရောဂါ စဖြစ်ချိန်မှာရောဂါလက္ခဏာများကိုသိပ်မပြတတ်ပါဘူး။ရောဂါရဲ့ နောက်ဆက်တွဲပြဿနာများ ကြုံတွေ့မှသာ ဆီးချိုရှိနေမှန်း သိရတတ်ပါတယ်။

အမျိုးအစား ( ၂ ) ဆီးချိုဟာ ဆီးချိူရောဂါများအနက် အတွေ့ရအများဆုံးအမျိုးအစားဖြစ်ပြီး ဆီးချိုဓာတ် ( သွေးတွင်းသကြားဓာတ် ) ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်း ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းကြောင့် ဖြစ်လာတဲ့ရောဂါတခုဖြစ်ပါတယ်။ဒီရောဂါနဲ့ အဝလွန်တာ ဘယ်လိုများဆက်စပ်နေလဲဆိုတာ လေ့လာကြည့်ကြရအောင်။

ကျွန်မတို့နေ့စဉ် စားသောက်သမျှ အစားအစာတွေနဲ့ ကိုယ်လက်လှုပ်ရှားမှူမရှိခြင်း က ခန္ဓာကိုယ်သိသိသာသာ မဝလာခင်မှာ ဝမ်းဗိုက်တွင်းနဲ့ ကလီစာအဆီတွေကို တက်စေပါတယ်။ဒီလို အဆီတက်လာခြင်းက သွေးကြောနဲ့ အသည်းမှာပါ မကောင်းတဲ့ အဆီဓာတ်တွေကို တစထက်တစပိုတက်လာစေပြီး ဆီးချိုအကြိုအဆင့်နဲ့ ဆီးချိုရောဂါတွေ ဖြစ်လာရပါတော့တယ်။

ဆီးချိုရောဂါကိုသေချာမကုသတဲ့အခါ သွေးကြောငယ်လေးများပျက်စီးပြီးမျက်စိအာရုံချို့ယွင်းခြင်း၊ ခြေလက်များထုံကျဉ်ပြီးထိခိုက် ဒဏ်ရာရလျှင်မသိခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ဒါ့အပြင် လေဖြန်းခြင်း၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း/ပိတ်ခြင်း၊ ခြေထောက်ရှိသွေးကြောများပိတ်ခြင်းကြောင့် အနာကျက်ရန်ခက်ခြင်း၊ ခြေချောင်းလေးများပုပ်ပြီး ဖြတ်ရခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

ဆီးချိုကို စနစ်တကျကုသမှုခံယူဖို့ လိုအပ်သလို  ကိုယ်အလေးချိန်မဝအောင်ထိန်းရန် လိုအပ်ပါတယ်။ ဆီးချိုရောဂါရှိသူဟာ ဆီးချိုဓာတ်ပုံမှန်ဖြစ်နေရန်အစားအသောက်အနေအထိုင်ဆင်ခြင်ပြီး ဆရာဝန်ရဲ့ကုသမှုကိုသေချာလိုက်နာဖို့လိုအပ်ပါသေးတယ်။ဆီးချိုထိန်းပြီးနောက်ဆက်တွဲရောဂါကင်းရလေအောင်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေသေချာလုပ်ပြီး အစာအာဟာရကိုထိန်းညှိဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။

ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ  https://mymedicine.com.mm/r/diabete ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


Share this post
Tags
Archive
ဆီးချိုရောဂါနှင့်ယှဉ်တွဲနေထိုင်နည်း