ဝမ်းလေးကောင်းမှ ခေါင်းမခဲ
ဝမ်းလေးကောင်းမှ ခေါင်းမခဲ


တစ်ခါတစ်လေမှာ အအေးလဲမမိ နေလည်းမကောင်းတာမဟုတ်ဘဲ ခေါင်းတွေထကိုက်တာမျိုး ဖြစ်ဘူးသလား??

ဘယ်ကြောင့်ဖြစ်မှန်း ဘယ်လိုမှ အဖြေရှာမရဖြစ်နေရင် သင်လုံးဝထင်မထားတဲ့ အကြောင်းရင်းကြောင့် ဖြစ်နေနိုင်ပါတယ်။ 

လူကြီးတွေ ခဏခဏပြောဖူးတဲ့ "ဝမ်းလေးကောင်းမှ ခေါင်းမခဲ" ဆိုတဲ့ ဆိုရိုးအတိုင်းပဲ ဝမ်း‌ဗိုက်ထဲက အူကျန်းမာရေးမကောင်းတဲ့အခါ ဦးနှောက်ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်ဆိုတာ လူတော်တော်များများ သတိမထားမိကြတဲ့ အချက်ပါ။ 

အူလမ်းကြောင်းနဲ့ ဦးနှောက်ကြားမှာ အာရုံကြော၊ ဟော်မုန်းနဲ့ ဓာတုပစ္စည်းတွေက တစ်ခုနဲ့တစ်ခု အဆက်မပြတ်ရအောင် ကွန်ရက်တစ်ခုလို ချိတ်ဆက်ပေးနေတာမလို့ အူကျန်းမာရေးက စိတ်ခံစားချက်၊ စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက်မှုတွေ အပါအဝင် ခနွာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို လွှမ်းမိုးနိုင်ပါတယ်။ အူလမ်းကြောင်း ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အခါ ဝမ်းချုပ်၊ ဝမ်းလျှောတာတို့လို ပြဿနာတွေကနေတစ်ဆင့် အူအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားပမာဏ ဟန်ချက်တွေပျက်ကုန်ပြီး ဦးနှောက်ကို သွားထိခိုက်တာကြောင့် ခေါင်းကိုက်တာလိုမျိုးတွေ ဖြစ်ရတာပါ။

ဒါကြောင့် အူလမ်းကြောင်းကျန်းမာရေးကို ဂရုစိုက်ပေးတာက ခေါင်းကိုက်တာနဲ့ အခြားကျန်းမာရေးပြဿနာများကနေ ကာကွယ်နိုင်တဲ့အပြင် ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။

အူလမ်းကြောင်းကျန်းမာဖို့ဆိုရင် -


🟤 အာဟာရမျှတအောင်စားပါ

အစေ့အဆန်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အဆီနည်းတဲ့ အသားတွေလို အမျှင်ဓာတ်ကြွယ်ဝတဲ့ အစာတွေစားပေးတာက အစာအိမ်ကျန်းမာရေးကို တိုးတက်စေပါတယ်။ ဒီအစားအစာတွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေကို ပေးစွမ်းပြီး အူအတွင်းရှိ အကျိုးပြုဘက်တီးရီးယားတွေ ကြီးထွားမှုကိုလည်း ထောက်ပံ့ပေးပါတယ်။


🟤 ရေများများသောက်ပါ 

တစ်နေ့တာလုံး 2-3 လီတာလောက် ရေလုံလောက်စွာ သောက်ပေးတာက အစာခြေစနစ်ကို ကောင်းမွန်စွာလည်ပတ်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။


🟤 စိတ်ဖိစီးမှုတွေ လျှော့ချပါ

နာတာရှည်စိတ်ဖိစီးမှုက အူလမ်းကြောင်းနဲ့ ဦးနှောက်ကြား ဆက်သွယ်မှုတွေက အနှောင့်အယှက်ပေးနိုင်ပြီး အူကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ယောဂတို့လို စိတ်ဖိစီးမှု လျော့ပါးစေတဲ့ နည်းလမ်းတွေကို လုပ်ပေးတာကလည်း ကျန်းမာတဲ့ အူလမ်းကြောင်းကို ထိန်းသိမ်းဖို့ အထောက်အကူ ဖြစ်စေပါတယ်။


🟤 အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးမဝတဲ့အခါ အူလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အူလမ်းကြောင်းကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်စေပါတယ်။ ပုံမှန် အိပ်ရေးဝအောင် အိပ်စက်ပေးတာက အူလမ်းကြောင်း ကျန်းမာရေးကို ထိန်းသိမ်းပေးတာကြောင့် ခေါင်းကိုက်တာတွေကလည်း ကာကွယ်ပေးမှာပါ။


🟤 ကိုယ်လက်လှုပ်ရှား‌ပေးပါ

ပုံမှန်ကိုယ်လက်လှုပ်ရှားပေးတာက အစာခြေစနစ်နဲ့ အူလမ်းကြောင်းလှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်တာကြောင့် ဝမ်းချုပ်ခြင်းနဲ့ အခြားအူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။

ဝမ်း‌လေးကောင်းနေမှသာ ခေါင်းလည်းမခဲတော့ဘဲ ရွှင်ရွှင်လန်းလန်းနေနိုင်မှာမလို့ အူကျန်းမာရေးကို သတိတရလေး ဂရုစိုက်ပေးဖို့ မမေ့လိုက်ပါနဲ့နော်…

ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အစာအိမ်အူလမ်းကြောင်းနဲ့ပတ်သက်ပြီးအထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/Gastro ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။



Share this post
Tags
Archive
အူအတက်ရောင်ခြင်း