ဆယ်ကျော်သက်တွေရောလေဖြတ်နိုင်လား

ဆယ်ကျော်သက်တွေရော လေဖြတ်နိုင်လား


လေဖြတ်တယ်ဆိုတဲ့ခေါင်းစဉ်ကိုကြားရင် တော်တော်များများ က အသက်ကြီးတဲ့သူတွေမှာပဲ ဖြစ်တယ်။ရောဂါအခံရှိတဲ့သူတွေဆီမှာမှ လေဖြန်းနိုင်တယ်ဆိုတဲ့ အယူအဆတွေ ရှိကြပါတယ်။ဒါဆိုရင် အသက်ငယ်တဲ့သူတွေ၊ဆယ်ကျော်သက်တွေမှာရော လေဖြတ်နိုင်လား ဆိုတာ လေ့လာကြည့်ရအောင်။

အသက်ငယ်တဲ့ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာလည်း ရောဂါအခံရှိရင် လေဖြန်းခြင်းနဲ့ လေဖြတ်ခြင်းဆိုင်ရာရောဂါများ ဖြစ်နိုင်ကြောင်းကို လေ့လာချက်များအရ သိရှိရပါတယ်။ဆယ်ကျော်သက် လေဖြတ်ခြင်းအမျိုးအစားတွေကတော့ လေဖြန်းခြင်း၊ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ ဦးနှောက်သွေးကြောပေါက်ခြင်း တို့ ပဲ ဖြစ်ကြပါတယ်။

လူငယ်တွေမှာ ဖြစ်တဲ့ လေဖြတ်ခြင်းလက္ခဏာတွေဟာ လူကြီးတွေနဲ့ ပုံစံတူတူပဲဖြစ်လေ့ရှိကြပါတယ်။ခေါင်းမတရားထိုးကိုက်ခြင်း၊အမြင်ဝေဝါးခြင်း၊စကားပြော မပီပြင်ဘဲ ဗလုံးဗထွေးဖြစ်ခြင်း၊ခြေလက်ပျော့ခွေလေးလံခြင်း၊လမ်းလျှောက်ရခက်ခြင်း၊ခြေလက်ထုံကျဉ်ခြင်း နဲ့ မေးခွန်းများကိုနားမလည်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ဘာဖြစ်လို့ ဆယ်ကျော်သက်အရွယ်လူငယ်ဖြစ်ရဲ့သားနဲ့ လေဖြတ်ခြင်းကြုံရတာလဲ လေ့လာကြည့်တဲ့အခါ ဖြစ်နိုင်ချေတွေ အများကြီးတွေ့ရပါတယ်။မွေးရာပါ သွေးပျစ်ခဲခြင်းရောဂါ၊မွေးရာပါ သွေးကျဲခြင်းရောဂါ၊၊မွေးရာပါ ဦးနှောက်သွေးကြောရောင် ရောဂါ၊မိမိခုခံအားကိုပြန်တိုက်တဲ့ရောဂါတို့အပြင် သွေးတိုး၊ကင်ဆာရောဂါ၊ခေါင်းတခြမ်းကိုက်ရောဂါ၊သွေးတိုးအဆီလွန်ကဲခြင်း၊နှလုံးရောဂါ၊ဦးနှောက်သွေးကြောပေါက်တဲ့ရောဂါနဲ့ ဆေးတွေကြောင့်လည်း လေဖြတ်နိုင်ပါသေးတယ်။

မွေးရာပါရောဂါတွေကိုတော့ ရှောင်လွှဲလို့ မရပေမယ့် တခြားနှလုံး၊သွေးတိုးနဲ့ အဆီတက်တဲ့ ကိစ္စများမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရပါတယ်။အစာအာဟာရမျှတစွာစားသုံးခြင်း၊ကိုယ်အလေးချိန်ထိန်းခြင်း၊လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း၊အရက်/ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကိုရှောင်ရှားပေးခြင်းဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့လေမဖြတ်ရလေအောင် မိမိကိုယ်ကို စောင့်ရှောက်ကြပါစို့။

ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ  https://mymedicine.com.mm/r/gpကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



Share this post
Tags
Archive
ခဏခဏ သတိမေ့တတ်နေတာ ပုံမှန်လား