ကျန်းမာလန်းဆန်းတဲ့ နေ့သစ်တိုင်းအတွက် ဘီကိုဇင့်(Becozinc)

နေ့စဥ်ဖြတ်ကျော်နေရတဲ့ စိတ်ဖိစီးမှုနဲ့ ပြဿနာတွေကြောင့် အမြဲ အားလျော့သလို ခံစားနေရပြီလား?

 ဘယ်လို အခက်အခဲတွေနဲ့ပဲ ရင်ဆိုင်ရပါစေ အမြဲ ခွန်အားအပြည့်နဲ့ လန်းဆန်းတက်ကြွနေဖို့ ဒီအချက်လေးတွေကို လိုက်လုပ်ကြည့်ပါ -

 🌟 တစ်နေ့ကို အနည်းဆုံး 7-8 နာရီပြည့်အောင် အိပ်စက်ပေးပါ 

🌟 ခန္ဓာကိုယ် လန်းဆန်းပြီး အသားအရေ ကြည်လင်လှပေစေဖို့ ရေများများသောက်ပေးပါ 

🌟 တစ်နေ့ကို နာရီ၀က်လောက် ကိုယ်လက်လှုပ်ရှားပေးတာကလည်း စိတ်ကို ကြည်လင်စေမှာပါ 

🌟 စိတ်ပေါ့သွားစေဖို့ စိတ်အဆင်မပြေမှုတွေကို ချစ်ရတဲ့သူတွေဆီမှာ ရင်ဖွင့်တိုင်ပင်ပါ

🌟 အလုပ်တွေပဲ ဖိလုပ်မနေဘဲ အနားယူဖို့လည်း မမေ့ပါနဲ့နော်

🌟 သင့်ခန္ဓာအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပြည့်၀စေဖို့ အာဟာရမျှတအောင် စားသောက်ပေးပါ။

 နောက်ဆုံး အရေးကြီးဆုံးအချက်ဖြစ်တဲ့ Becozinc ကို သောက်ပေးဖို့လည်း မမေ့လိုက်နဲ့နော်! 

 နေ့ရက်တိုင်းမှာ လန်းဆန်းတက်ကြွစေဖို့ Becozinc က ကူညီပေးနိုင်ပါတယ်…✨️

 Becozinc မှာ ပါ၀င်တဲ့ -

✅️ Vitamin B Complex က စိတ်ဖိစီးမှုတွေကို လျော့ချပေးပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်  

✅️ Vitamin C က ကိုယ်ခံစွမ်းအားကို တိုးမြင့်စေပြီး ပင်ပန်းနွမ်းနယ်မှုများကို သက်သာစေပါတယ်  

✅️ Zinc က အသားအရေကို စိုပြေလှပစေပြီး ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးကို ပံ့ပိုးပေးနိုင်ပါတယ်။

 Becozinc ဟာ သောက်သုံးရန်လည်း လွယ်ကူပြီး တစ်နေ့တစ်ကြိမ် အစာနဲ့အတူ သောက်ပေးရုံပဲဆိုတော့ အလုပ်ရှုပ်သူတွေအတွက်လည်း အချိန်သိပ်ပေးနေစရာမလိုလို့ အရမ်းအဆင်ပြေပါတယ်။

 Becozinc သာ လက်ထဲမှာရှိနေရင် နေ့စဥ် တက်ကြွလန်းဆန်းနေမှာ အသေချာပဲမလို့ ဘယ်လိုအခက်အခဲတွေပဲ ကြုံရကြုံရ မမှုတော့ဘူးပေါ့!

 ဟုတ်ကဲ့ပါ ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ …

 Becozinc နဲ့အတူ အားအင်ဖြည့်ချင်တယ်ဆိုရင် My-Medicine ရဲ့ ဒီ website လင့်လေးကနေ 

 (https://mymedicine.com.mm/shop/md130197-becozinc-1358#attr=) ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်။

 ကျေးဇူးပြု၍ အကြံပြုထားသော ပမာဏကို လိုက်နာပြီး အေးမြခြောက်သွေ့သောနေရာတွင် သိမ်းဆည်းပါ။ သင့်မှာ ကျန်းမာရေးအခြေအနေတစ်ခုခု ရှိပါက သို့မဟုတ် အခြားဆေးဝါးများသောက်နေပါက အသုံးမပြုမီ ဆရာဝန်နှင့် တိုင်ပင်ပါ။

Share this post
Tags
Archive
ရနံ့ကုထုံးတွေကကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲ