ကန်စွန်းဥ က ဝိတ်ကျလား

ကန်စွန်းဥ က ဝိတ်ကျလား


မင်းသမီးဆောင်းဟေကို(Song Hye Kyo)က The Glory ဇာတ်ကားအတွက် Kojic ဥ ကို စားပြီး ဝိတ်ချတယ် သတင်းကြားတော့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ထွက်ကုန်လေးတခုဖြစ်တဲ့ ကန်စွန်းဥလေးကရော ဝိတ်ကျစေနိုင်လားပေါ့။ခရမ်းရောင်လေးနဲ့ရွှေဝါရောင် အဆင်း ၂ မျိုးရှိတဲ့ ငချိတ်ကန်စွန်းဥနဲ့ ရွှေကန်စွန်းဥလေးရဲ့ အကြောင်း ကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။

ကန်စွန်းဥဟာ အမျှင်ဓာတ်များစွာပါတဲ့အပြင် အရသာအရမ်းရှိတဲ့အတွက် ကျွန်မတို့ weight loss keto diet box များမှာ မပါမဖြစ်ကဏ္ဍကနေ နေရာယူလာခဲ့ပါတော့တယ်။ဝိတ်ကျရုံသာမက ကျန်းမာရေးအတွက်လည်း အရမ်းအကျိုးရှိစေတဲ့ ကန်စွန်းဥလေးကိုဆိုရင်ဖြင့် ပြုတ်ပဲစားစား၊ပေါင်းပဲစားစား၊မီးဖုတ်ပြီးပဲစားစား၊ရွှေကြည်လုပ်စားစား အရမ်းကိုမှ စားကောင်းလှပါတယ်။

ဗီတာမင်အေ၊ဗီတာမင်စီ၊ပိုတက်စီယမ်၊သတ္ထုဓာတ်နဲ့ အမျှင်ဓာတ်တွေပါဝင်လို့ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ အစားအစာတခုပဲ ဖြစ်ပါတယ်။အမျှင်ဓာတ်ပါဝင်လို့ အစာခြေစနစ်ကို အထောက်အကူပြုတဲ့အပြင် အဆာခံတဲ့အတွက် ခဏခဏဗိုက်ဆာတာမဖြစ်တော့ပါဘူး။ကယ်လိုရီဓာတ်နည်းနည်းပါတာကြောင့် ဝိတ်ချနေသူတွေရဲ့ လက်စွဲစားစရာတခုအဖြစ် မျက်နှာပန်းပွင့်လှပါတယ်။

ဒါ့အပြင် ကန်စွန်းဥရဲ့ အချိုဓာတ်ဟာ နည်းပါးတဲ့အတွက် သကြားဓာတ်များမှာ အထူးတလည်စိုးရိမ်စရာမရှိပါဘူး။ပုံမှန်အာလူးတွေထက်တောင် ကယ်လိုရီဓာတ်နည်းပါးတဲ့ ကန်စွန်းဥလေးဟာ အရသာရှိတဲ့အပြင် ဝိတ်ကျစေရုံသာမက ကျန်းမာရေးအတွက် အထူးသင့်တော်လို့ မသိမဖြစ်စားစရာတခုအနေနဲ့ တင်ဆက်ပေးလိုက်ရပါတော့တယ်။

ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/gpကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



Share this post
Tags
Archive
Vape သောက်ခြင်းရဲ့ အန္တရာယ်