မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…
ဒီနေ့တော့ .. ရင်သားဆီလီကွန်ထည့်ပြီး လေယာဥ်စီးရတဲ့အခါ ဘာတွေပြင်ဆင်ထားသင့်သလဲ .. ပြီးတော့ ဘာတွေ အမှတ်မှားနေတာတွေရှိတတ်သလဲ ဆိုတာလေးကို မျှဝေပေးသွားပါမယ်နော်။
ရင်သားဆီလီကွန်ထည့်ခြင်းဟာ ၁၉၇၀ ခုနှစ်ကတည်းကရှိခဲ့တာဖြစ်ပြီး ၁၉၉၀ နှစ်ဦးပိုင်းလောက်ကစပြီး ကမ္ဘာ့နေရာ အနှံ့အပြားမှာ တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြတဲ့ ပလတ်စတစ်ဆာဂျရီနည်းပညာတစ်ခု ဖြစ်ပါတယ်။ အခုလတ်တလော ခုနှစ်တွေမှာဆိုရင်တော့ ရင်သားတစ်ခုထဲသာမဟုတ်တော့ဘဲ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလဲ ဆီလီကွန်ကိုထည့်သွင်းလာကြပြီဖြစ်ပါတယ်။ ဆီလီကွန်ဂျယ်လ်တွေရဲ့ ထုတ်လုပ်မှု တိုးတက်ပြောင်းလဲလာတာဟာဆိုရင်လဲ အခုဆိုရင် ပဥ္စမမြောက်မျိုးဆက်သစ် (5th Generation) အထိတောင်ရောက်ရှိနေပြီဖြစ်ပါတယ်။
ဆီလီကွန်ဟာ ခန္ဓာကိုယ်ထဲမှာ ဆယ်စုနှစ်တွေချီတဲ့အထိ အချို့ဆို တစ်သက်လုံး ပြန်ထုတ်စရာ၊ လဲစရာ မလိုတဲ့ အဆင့်(၃) ဆေးဘက်ဆိုင်ရာထည့်သွင်းပစ္စည်း (Class 3 Medical Device) ဖြစ်ပါတယ်။ အများက ပြောကြတဲ့အခါမှာ ဆီလီကွန်ထည့်တယ်လို့ အပြောများပေမယ့် တစ်ကယ်တော့ ထည့်သွင်းလို့ရတဲ့ ပစ္စည်းက (၃)မျိုးရှိတာဖြစ်ပါတယ်။ အဲ့ဒီ (၃) မျိုးကတော့
ဆလိုင်းဖျော်ရည် (Saline solution)
ဆီလီကွန် (Silicone) နဲ့
ပိုလီပရိုပိုင်လင်းကြိုးမျှင်များ (Polypropylene String) [ထပ်မံထုတ်လုပ်ခြင်းမရှိတော့] တို့ဖြစ်ပါတယ်
ဟုတ်ကဲ့ပါ ခေါင်းစဥ်ကိုပြန်ကောက်ရမယ်ဆိုရင်တော့ ရင်သား သို့မဟုတ် တင်ပါး ဆီလီကွန်ထည့်သွင်းထားသူတွေ လေယာဥ်ပျံစီးရမယ်ဆိုရင် ဘာတွေပြင်ဆင်ထားဖို့လိုသလဲဆိုတာလေးကို ဆက်ပြောပါ့မယ်။
ဆီလီကွန်ဂျယ်လ် အမျိုးအစားကို ထည့်သွင်းထားသူတွေဆိုရင်တော့ ခွဲစိတ်ပြုပြင်ပေးတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ချုပ်ရိုးရက်ပြည့်ပြီ အနာကောင်းမွန်စွာကျက်ပြီ ခွဲစိတ်ပြုပြင်ပြီးတဲ့ နေ့ကစလို့ (၁၄) ရက်အတွင်း နောက်ဆက်တွဲဆိုးကျိုး ဓါတ်မတည့်တာမျိုးလဲ မရှိခဲ့ရင်တော့ အထူးတလည် ပြင်ဆင်ထားစရာ ဘာမှမလိုပါဘူး။
အမြင့်ပေ သောင်းဂဏန်းကျော်တွေမှာ အချိန်ကြာမြင့်စွာပျံသန်းသွားလာရတဲ့အခါ လေယာဥ်အတွင်းမှာ လေထုဖိအားမြင့်တက်လာတာမျိုးရှိပေမယ့် ဆီလီကွန်ဂျယ်လ်က ကောင်းစွာခံနိုင်ရည်ရှိပါတယ်။ ဆီလီကွန်ထည့်ပြီး လေယာဥ်တွေအကြာကြီးစီးနင်းလိုက်ပါရရင် ပေါက်ထွက်တတ်တယ်၊ ကွဲတတ်တယ်ဆိုတာတွေက ယုံတမ်းစကားတွေသာ ဖြစ်ပါတယ်နော်။ နိုင်ငံတကာ စစ်တမ်းတစ်ချို့အရဆိုရင် ရင်သားဆီလီကွန်ထည့်ထားတဲ့ အများစုက လေယာဥ်အမြဲလိုစီးနေရတဲ့ လေယာဥ်မယ် (Flight attendants) တွေဖြစ်တယ်လို့ဆိုထားပါတယ်။
(ref : healthshots.com)
ဆီလီကွန်မဟုတ်တဲ့ ၁၉၉၀ နှစ်ဦးပိုင်းတွေတုန်းက အသုံးများခဲ့တဲ့ ဆလိုင်းဖျော်ရည်အထုပ်တွေဆိုရင်တော့ အမြင့်ပေနဲ့ဖိအားတွေကြောင့် ရင်သားအတွင်းမှာပဲ ယိုစိမ့်တာမျိုး ပေါက်တာမျိုးလေးတွေ ရှိကောင်းရှိနိုင်တယ်လို့ ကျွမ်းကျင်သော သုတေသနပညာရှင်တစ်ချို့က ယူဆခဲ့ကြဖူးပါတယ်။ ဒါပေမယ့် သက်သေပြစရာ ဘယ်သူတစ်ဦးတစ်ယောက်မှ သမိုင်းမှာ မရှိခဲ့ပါဘူး။
ဆလိုင်းဖျော်ရည်ထုပ်ရဲ့ ဖိအားခံနိုင်ရည်ဟာ ၁၇၅ ပေါင်အထိဖြစ်ပြီး ဆီလီကွန်ဂျယ်လ်တွေဟာဆိုရင် ပေါင် ၃၀၀ အထိ ဖိအားကို ကောင်းကောင်းခံနိုင်တာဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ .. ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးတဲ့အတွက်လဲကျေးဇူတင်ပါတယ်။ ပြီးတော့ …
ဆီလီကွန်အပါအဝင် အခြားသော အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ခွဲစိတ်ကုသမှု ဆေးခန်းပြသမှုများအတွက် အထူးကုဆရာဝန်ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။