တနေ့ကို ကော်ဖီ ၃ ခွက်နဲ့ အထက် သောက်မိနေပြီဆိုရင်

တနေ့ကို ကော်ဖီ ၃ ခွက်နဲ့ အထက် သောက်မိနေပြီဆိုရင်


ကော်ဖီသောက်ရတာကြိုက်တဲ့သူတွေရှိကြပါသလား။ကော်ဖီကြိုက်သူလေးတွေကတော့ မိုးလင်းတာနဲ့ကော်ဖီ၊ပျော်ရင်လည်း ကော်ဖီ၊စိတ်ညစ်ရင်လည်း ကော်ဖီ၊အပြင်သွားရင်လည်း ကော်ဖီ၊ညအိပ်ခါနီးအထိပါ ကော်ဖီ ကို မခွဲမခွါအမြဲပါ သောက်သုံးတတ်သူလေးတွေပဲဖြစ်ပါတယ်။ဒီလိုပဲ တနေ့ကို ကော်ဖီအကြိမ်ကြိမ်သောက်နေမိပြီဆိုရင်တော့ ရှောင်ရန်၊ဆောင်ရန်လေးတွေကို သေသေချာချာသိထားဖို့ လိုအပ်ပါတယ်။

ကော်ဖီဆိုရာမှာလည်း expresso, cappuccino ၊နှပ်ကော်ဖီ က စလို့  တခါဖျော်စာ instant coffee mix အထုပ်ငယ်များအထိ ရှိပါတယ်။ကော်ဖီထဲမှာ ပါဝင်တဲ့ ကဖင်းဓာတ်ကြောင့် ကော်ဖီချစ်သူတွေဟာ လန်းဆန်းတက်ကြွပြီး တနေ့တာရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ပါတယ်။စိတ်ဖိစီးမှုလျော့ကျစေပြီး အာရုံစူးစိုက်နိုင်စွမ်းကိုပါ ပိုမိုကောင်းမွန်စေတဲ့အပြင် တီထွင်ဖန်တီးနိုင်မှုစွမ်းအားကိုလည်း များစွာတိုးတက်ကောင်းမွန်လာစေပါတယ်။

ကော်ဖီကို ကလေးသူငယ်တွေ၊ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေ အတွက် အများကြီးသောက်သုံးလို့ မသင့်တော်ပါဘူး။ကော်ဖီကို တနေ့ ၃ ခွက်နဲ့အထက်သောက်သူတွေအနေနဲ့ ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်း၊ကတုန်ကယင်ဖြစ်ခြင်း၊ရင်တုန်ခြင်း၊စိတ်တိုလွယ်ခြင်း၊အစာကြေစနစ်ကိုနှောင့်ယှက်ခြင်း၊ညအိပ်မပျော်ခြင်းနဲ့ ကဏှာမငြိမ်ဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။တကယ်လို့ အသင့်ဖျော် တခါသုံးကော်ဖီတွေသာ အများကြီးသောက်မိရင်တော့ သကြားဓာတ်ပမာဏများစွာပါဝင်တဲ့အတွက် ဆီးချိုရောဂါဖြစ်စေနိုင်တဲ့အပြင် နှလုံးသွေးကြောကျဉ်းနဲ့ အဝလွန်ရောဂါတွေကိုဖြစ်ပေါ်စေပါတယ်။

ကော်ဖီအစစ်ကို သောက်တတ်တဲ့သူတွေအနေနဲ့လည်း တနေ့ကို ၃ ခွက်အောက်ပဲသောက်သုံးသင့်ပါတယ်။စစ်မှန်တဲ့ ကော်ဖီ က သင့်အတွက် အာရုံကြောအားနည်းခြင်း၊နှလုံးရောဂါဖြစ်ခြင်း၊အသည်းအဆီဖုံးခြင်း၊အူမကြီးကင်ဆာဖြစ်ခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါတွေကတောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ဒါကြောင့်မို့ မိုးအေးအေးနဲ့ ကော်ဖီလေးကို သောက်တော့မယ်ဆိုရင်ဖြင့် တန်ဆေး၊လွန်ဘေးမဖြစ်ရလေအောင် သတိထားရမယ်နော်။

ဆောင်းပါးလေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။



Share this post
Tags
Archive
တနေ့ကိုရေဘယ်နှခါချိုးသင့်လဲ