အင်ဥ က ဘာကောင်းလဲ
ဝါးလိုက်ရင် ထုပ်ထုပ်လေးနဲ့ကိုက်လို့ကောင်းတဲ့ အင်ဥ ကြိုက်တဲ့သူတွေရှိကြလားဟင်။တနှစ်မှ တခါပဲ ရနိုင်တဲ့ မိုးရာသီရဲ့ သဘာဝလက်ဆောင် အင်ဥ ကို ကြိုက်တဲ့သူတွေကတော့ အသားဟင်းနဲ့တောင် မလဲနိုင်ပါဘူးတဲ့။ဒီလောက် အရသာရှိလှတဲ့ အင်ဥ ရဲ့ ကောင်းကျိုးတွေကို လေ့လာကြည့်ရအောင်။
မဲမဲလုံးလေးတွေဖြစ်တဲ့ အင်ဥ ကို ခွဲလိုက်လို့ အထဲမှာ အဖြူရောင်ဖြစ်ရင်တော့ လတ်ဆတ်ပြီး အရသာအကောင်းဆုံးအထားဖြစ်ပါတယ်။အင်ဥ က ပုံမှန်ဆိုရင် ၃ ရက်လောက်ပဲ အထားခံပြီး မိုးရေနဲ့ရေထိရင် ပုပ်တတ်တဲ့အတွက် ကြာကြာအုပ်ထားလို့လည်း မရပါဘူး။အင်ဥ ကို ကင်၍သော်လည်းကောင်း ချက်ပြုတ်၊ကြော်လှော်ခြင်းအားဖြင့်သော်လည်း စားနိုင်သလို ခရမ်းချဉ်သီးနဲ့ ရောနှော၍လည်း အရသာရှိအောင် လုပ်စားလို့ရပါတယ်။
အင်ဥမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အသားဓါတ်၊ အမျှင်ဓါတ်၊ သံဓါတ်နှင့် သတ္တုဓါတ်များဖြစ်တဲ့ ဗီတာမင်ဘီ၊ ဗီတာမင်ဒီ၊ ကော့ပါး၊ ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။အင်ဥစားသုံးခြင်းအားဖြင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေလို့ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။သွေးတွင်းသကြားဓာတ်၊အဆီဓာတ်များမှုကို လျှော့ချပေးနိုင်ပြီး ကင်ဆာရောဂါဖြစ်မှူများကိုလည်း တားဆီးပေးနိုင်ပါတယ်။ဘက်တီးရီးယားပိုးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားနိုင်တဲ့အတွက် ယောင်ယမ်းခြင်းကို သက်သာစေပါတယ်။
ဒါပေမယ့် အင်ဥ ဟာ မြေအောင်းမှိူတမျိုးဖြစ်တဲ့အတွက် ယူရစ်အက်ဆစ်များစေနိုင်တာမို့ လေးဘက်နာရောဂါ၊ဂေါက်ရောဂါဝေဒနာရှင်များအနေဖြင့် သတိပြု၍ စားသုံးသင့်သော မှိုတစ်မျိုးဖြစ်ပါတယ်။ဓာတ်မတည့်တဲ့သူတွေအတွက်လည်း အစာအဆိပ်သင့်တာဖြစ်တတ်တဲ့ အပြင်နှလုံးရောဂါရှိသူများ အနေနဲ့လည်း တန်ဆေး လွန်ဘေး မစားသင့်ကြောင်း ရေးသားလိုက်ရပါတယ်။