ဟင်းနုနွယ်ရွက်ရဲ့ အသုံးဝင်ပုံ
ဟင်းနုနွယ်ရွက်ရဲ့ အသုံးဝင်ပုံ


ဟင်းနုနွယ်ရွက်ဆိုရင် နုပျိုစေတဲ့ဓာတ်တွေများလွန်းလို့ ဖျော်ရည်လုပ်ပြီးတောင် သောက်တတ်ကြတာကို သတိထားမိကြမယ် ထင်ပါတယ်။သောက်လိုက်ရင် စိမ်းရွှင်ရွှင်အနံ့ကြီးရတယ်၊ကြော်စား၊သုတ်စားရင်လည်း အမျှင်တွေအများကြီး ဖယ်ရသေးတာကို ဘာလို့များ လူတွေက တကူးတက အလုပ်ရှုပ်ခံ စားနေကြပါလိမ့်။

တကယ်ဟင်းနုနွယ်ရွက်ရဲ့ ကျန်းမာရေးအတွက်အရေးပါပုံတွေဟာ တန်ဖိုးမဖြတ်နိုင်အောင် များပြားလှပါတယ်။အသားအရေရဲ့ အိုမင်းရင့်ရော်မှုကို အဓိကတားပေးပြီး ဆံပင်သန်စွမ်းမှုကိုအားဖြည့်ပေးတယ်လို့ နာမည်ကြီးတဲ့ ဟင်းနုနွယ်ရွက်မှာ သွေးအားကောင်းစေတဲ့ သံဓာတ်၊အရိုးအတွက် ကယ်လ်ဆီယမ်နဲ့ မက်ဂနီဆီယမ်ဓာတ်၊ခန္ဓာကိုယ်အတွက် သက်စောင့်ဓာတ်နဲ့ အသားအရည်လှပဖို့ ဗီတာမင်ဓာတ်ပေါင်းစုံ ပါဝင်ပါတယ်။

ဟင်းနုနွယ်ရွက်မှာ anti-oxidant ဓာတ်ပါတဲ့အတွက် သွေးတွင်းသကြားဓာတ်ပမာဏကို ကျစေတဲ့အတွက် ဆီးချိုသမားတွေရဲ့ အသုံးဝင်တဲ့ ဟင်းတမယ်လည်း ဖြစ်ပါတယ်။လေ့လာစမ်းသပ်မှူတွေအရတော့ ဟင်းနုနွယ်ကို ပုံမှန်စားပေးခြင်းဖြင့် ကင်ဆာဖြစ်နှုန်းကို သိသိသာသာကာကွယ်ပေးနိုင်တဲ့အပြင် သွေးတိုးတတ်သူများအတွက်လည်း သွေးပေါင်မတက်အောင် ထိန်းညှိပေးနိုင်ပါတယ်။

Vitamin C, Vitamin E နဲ့ beta carotene ဓာတ်တွေပါလို့ ပန်းနာရင်ကြပ်ဝေဒနာရှိသူတွေ တခုခုဆို အလွယ်တကူနဲ့ ဓာတ်မတည့်တတ်တာမျိုးဖြစ်တဲ့အကြိမ်အရေအတွက်ကို လျှော့ချပေးနိုင်ပါတယ်။Calcium နဲ့ vitamin K ဓာတ်တွေကြောင့် အရိုးကြွပ်ဆတ်မှု မဖြစ်တော့ဘဲ အရိုးကျိုးတာတွေက ကာကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင် ကလေးအရွယ်ကစပြီး ဟင်းနုနွယ်ရွက်ကို ပုံမှန်စားပေးရင် လူပျိုဖော်၊အပျိုဖော်ဝင်တဲ့အခါ ရွယ်တူတွေထက် အရပ်ရှည်ပြီး ကျန်းမာကြံ့ခိုင်နေမှာ အသေအချာပါပဲ။

ဝမ်းချုပ်လေ့ရှိတဲ့သူတွေဟာ ဟင်းနုနွယ်ရွက်လို အစားအစာကို စားပေးခြင်းအားဖြင့် ဝမ်းတလုံးကောင်းတော့ ခေါင်းခဲစရာမလိုတော့ဘူးပေါ့နော်။အသားအရည်ကိုကြည်လင်စေခြင်း၊အိုမင်းရင့်ရော်မှုကို ဟန့်တားနိုင်ခြင်း၊ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း နဲ့ ဝက်ခြံမပေါက်အောင် တားဆီးပေးနိုင်ခြင်းတို့ကြောင့် ဟင်းနုနွယ်ရွက်ဟာ ရှေးယခင်ထဲက ခုချိန်ထိ နာမည်ကြီးနေဆဲဖြစ်တဲ့ ဟင်းရွက်တခုပဲ ဖြစ်နေရပါတော့တယ်။

ဆောင်းပါးလေးကိုအချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။


Share this post
Tags
Archive
လူသိနည်းတဲ့ ဆေးဖက်ဝင်ကံ့ကော်ပန်း