သားဦးဘေဘီလေးတွေရဲ့မေမေတို့အတွက်

သင့်ကလေးရဲ့ ကျန်းမာရေးအတွက် စိတ်ပူနေရပါသလား


မိဘတစ်ယောက်အတွက် ကလေးရဲ့ ကျန်းမာ‌ရေးက ဘယ်လောက် အရေးကြီးတယ်ဆိုတာ နားလည်ပါတယ်။ တစ်ခါတစ်လေမှာ ကလေးတွေ နေမကောင်းဖြစ်တဲ့အခါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတတ်ကြတာမလို့ အဖြစ်များတတ်တဲ့ အခြေအနေလေးတွေကို သိထားဖို့ လိုအပ်မယ်နော်။


1️⃣ ချောင်းဆိုးပြီး အအေးမိတဲ့အခါ - နှာချေတာ၊ နှာရည်ယိုတာနဲ့ အဆက်မပြတ် ချောင်းဆိုးတာတွေက အသက်ရှူလမ်းကြောင်းမှာ ရောဂါပိုးဝင်နေတာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။


2️⃣ အဖျားတက်တဲ့အခါ - သင့်ကလေးရဲ့ အပူချိန်က ပုံမှန်အတိုင်းအတာထက် မြင့်တက်နေတယ်ဆိုရင် ရောဂါပိုးဝင်တာ ဒါမှမဟုတ် အခြားဖျားနာနေတာ တစ်ခုခုကို ညွှန်ပြနေတာ ဖြစ်နိုင်ပါတယ်။


3️⃣ ဗိုက်အောင့်တဲ့အခါ - ဗိုက်နာတာကစလို့ ဝမ်းလျှောတာအထိ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေက ကလေးအတွက် မသက်မသာ ခံစားရစေပြီး နေထိုင်မကောင်းဖြစ်စေနိုင်ပါတယ်။


4️⃣ အဖုတွေထတဲ့အခါ - ယားယံတာ၊ နီရဲတာနဲ့ အဖုအထစ်တွေ ထနေတဲ့ အရေပြားဟာ ဓာတ်မတည့်တာ၊ နှင်းခူ ဒါမှမဟုတ် အခြား အရေပြားဆိုင်ရာ အခြေအနေတွေရဲ့ လက္ခဏာတစ်ခုခု ဖြစ်နေနိုင်ပါတယ်။


5️⃣ ဖွံ့ဖြိုးမှု နှောင့်နှေးနေတဲ့အခါ - သင့်ကလေးဟာ အသက်အရွယ်လိုက် ဖွံ့ဖြိုးမှုတွေ သိသိသာသာ နှေးကွေးနေတယ်ဆိုရင် ဆရာဝန်ကြီးတွေလို professional တွေဆီက လမ်းညွှန်မှုကို ရယူတာက ကလေးငယ်တွေရဲ့ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအတွက် သိသာထင်ရှားတဲ့ ခြားနားမှုကို ဖြစ်စေမှာပါ။


ကဲ၊ ဒါ့အပြင် My-Medicine မှာ အွန်လိုင်းကနေ teleconsultation လုပ်ပေးဖို့ အတွေ့အကြုံပြည့်ဝတဲ့ ကလေးအထူးကုဆရာဝန်ကြီးတွေ ရှိတာကြောင့် ဆေးခန်းမှာ အလျင်စလို တန်းစီစောင့်ဆိုင်းနေရတာ၊ လူတွေကြားထဲကနေ သင့်ကလေးကို ရောဂါတွေကူးလာမှာတွေ စိုးရိမ်စရာမလိုတော့ပါဘူး။ အင်တာနက်နဲ့ ဖုန်းလေးရှိရုံနဲ့ အပြင်ထွက်စရာမလိုဘဲ အိမ်ထဲကနေ ကလေးအတွက် လိုအပ်တဲ့ ကုသမှုတွေ ခံယူရရှိနိုင်နေပြီမလို့ အခုချက်ချင်းပဲ booking လာလုပ်လိုက်တော့နော်။

ဆေးခန်းပြသလိုပါကhttps://mymedicine.com.mm/r/child ဒီလင့်ကိုနှိပ်၍ ရက်ချိန်းယူလို့ရသလို့ ဖုန်းနံပါတ် 5588 နှင့် 09-77-999-5588 သို့ ဆက်သွယ်မေးမြန်း စုံစမ်းလို့လဲရပါတယ်။




Share this post
Tags
Archive
လသားကလေးတွေ ဝမ်းလျှောရင်