ခေါင်းတစ်ခြမ်းကိုက်တာရောဂါပါ

ခေါင်းတစ်ခြမ်းကိုက်တာရောဂါပါ


ခေါင်းတွေ တဆတ်ဆတ်နဲ့ကိုက်နေလို့ တစ်နေကုန် ဘာမှလုပ်လို့မရဘဲ အာရုံစူးစိုက်ရခက်ဘူးလား?

ဒါကို လူတွေက သာမန်ခေါင်းကိုက်တာလို့ပဲ ထင်တတ်ကြပါတယ်။ တကယ်တော့ Migraines လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သန်းပေါင်းများစွာသောလူတွေမှာ ဖြစ်နေတဲ့ နာတာရှည် အာရုံကြောဆိုင်ရာ ချို့ယွင်းမှုတစ်ခုပါ။

Migraines ဖြစ်တဲ့အခါ မကြာခဏ ခေါင်းအပြင်းအထန်ကိုက်တတ်တာအပြင်  ပျို့အန်တာ၊ မအီမသာဖြစ်တာ၊ အလင်းရောင်၊ အသံနဲ့ အမြင်အာရုံ အနှောင့်အယှက်‌ဖြစ်တာတွေ မခံစားနိုင်တာ စတဲ့ လက္ခဏာတွေကိုပါ တွဲလျက်ခံစားရတတ်ပါတယ်။ ဒ့ါအပြင် သာမန်ခေါင်းကိုက်တာတွေနဲ့ မတူတာက ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ  နာရီပေါင်းများစွာ ဒါမှမဟုတ် ရက်ပေါင်းများစွာ အကြာကြီး ခံစားရတတ်တာပါ။

Migraines ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မပြောနိုင်ကြပါဘူး။ ဒါပေမယ့် မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရင်းတွေက Migraines တွေ ဖွံ့ဖြိုးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း သုတေသနပြုချက်တွေက ယူဆထားပါတယ်။ ဒါ့အပြင် Migraines တွေက ဦးနှောက်ရဲ့ အဓိက နာကျင်မှုလမ်းကြောင်း (pain pathway) ဖြစ်တဲ့ trigeminal nerve တွေနဲ့ ဆက်စပ်နေတယ်လို့လဲ ကောက်ချက်ချကြပါတယ်။

Migraines တွေမှာ လက္ခဏာအမျိုးမျိုးရှိနိုင်ပြီး လူတစ်ဦးနဲ့တစ်ဦး ခံစားရပုံခြင်းလဲ ကွဲပြားနိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာအချို့ကတော့......


- ဦးခေါင်းတစ်ဖက်ခြမ်းမှာ အပြင်းအထန် ခေါင်းကိုက်ခြင်း 

- မအီမသာဖြစ်ခြင်း

- ပျို့အန်ခြင်း

- မှိတ်တုတ်မှိတ်တုတ်မီးများနဲ့ ဆူညံတဲ့အသံတို့လို အလင်း၊ အသံနဲ့ အမြင်အာရုံ အနှောင့်အယှက်များဒဏ်ကို မခံနိုင်ခြင်း

- မျက်နှာနဲ့ လက်ချောင်းတွေမှာ ယားယံခြင်း၊ ထုံကျင်ခြင်း

- ပင်ပန်းနွမ်းနယ်ခြင်း

- မူးဝေခြင်း

- အာရုံစူးစိုက်ရခက်ခဲခြင်း 


လူတိုင်းမှာ Migraines ဖြစ်နိုင်ချေကို ပိုတိုးစေတဲ့ အချက်တွေရှိတတ်ပြီး တစ်ယောက်နဲ့တစ်ယောက်လဲ မတူတတ်ကြပါဘူး။ အချို့မှာ စိတ်ဖိစီးမှုနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်တတ်သလို အချို့မှာတော့ အစားအသောက်နဲ့ ဆေးဝါးတွေကြောင့်လည်း ပိုဆိုးတတ်ပါတယ်။ ဒါ့အပြင် အိပ်ရေးမဝတာနဲ့ ခြေကုန်လက်ပန်းကျနေတဲ့ အချိန်တွေမှာလဲ ခေါင်းတစ်ခြမ်းကိုက်တာ ပိုဆိုးတတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို အရှင်းပျောက်သွားအောင် ကုလို့မရပါဘူး။ ဒါပေမယ့်လည်း ခေါင်းတစ်ခြမ်းကိုက်နိုင်ချေနဲ့ ခံစားရမှုတွေ လျော့နည်းသွားအောင် ဆေးသောက်ပေးနိုင်သလို (ဆရာဝန် ညွှန်ကြားချက်နဲ့သာ) အိပ်ရေးဝအောင် အိပ်ပေးတာ၊ အစားပုံမှန်စားတာနဲ့ စိတ်တည်ငြိမ်အောင် ထားပေးတာတို့လို lifestyle changes တွေ လုပ်ပြီးလဲ လျှော့ချနိုင်ပါတယ်။

Migraines ဖြစ်တဲ့အခါ အရမ်းနာကျင်ရသလို ဘာမှမလုပ်နိုင် မကိုင်နိုင်ဖြစ်ရတာကြောင့် နေ့စဉ်လုပ်ငန်းတွေမှာလဲ အနှောင့်အယှက်တစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ကိုယ်က ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့သူဆိုရင် ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ ကုသမှု ခံယူသင့်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူမှုနေထိုင်မှု စတိုင်လ်တွေကိုလည်း ပြောင်းလဲဆောင်ရွက်ပေးဖို့ အရေးကြီးပါတယ်နော်…

ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ  https://mymedicine.com.mm/r/brain ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



Share this post
Tags
Archive