ကျောက်ကပ်မကျန်းမာတော့ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲ?
ခန္ဓာကိုယ်ထဲက အညစ်အကြေးနဲ့ အဆိပ်အတောက်တွေ ဖယ်ရှားပေးပြီး ရေဓာတ်ထိန်းညှိပေးတဲ့ ကျောက်ကပ်တွေက ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် ထင်ထားတာထက် အရေးပါလှပါတယ်
ဒီလိုအရေးပါလှတဲ့ ကျောက်ကပ်လေးကို သေချာဂရုမစိုက်မိဘဲ အရက်နဲ့ ဆေးလိပ်တွေ အလွန်အကျွံသောက်တာ၊ မကျန်းမာတဲ့ အစားအသောက်တွေစားတာတို့ လုပ်နေမိပြီဆိုရင် သတိမထားလိုက်မိခင်မှာဘဲ ကျောက်ကပ်တွေ ပျက်စီးသွားတတ်ပါတယ်
ကျောက်ကပ်ပျက်စီးနေကြောင်း ပြသနေကြောင်းဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ -
- ခဏခဏ ဆီးသွားချင်နေတာ
- ဆီးထဲမှာ သွေးပါတာ
- ဆီးသွားတဲ့အခါ အမြှုပ်တွေထွက်နေတာ
- နောက်ကျောနဲ့ နံရိုးတွေ နာကျင်နေတာ
- မျက်လုံးတစ်ဝိုက်မှာ ရောင်ပြီးဖောင်းနေတာ
- အသက်ရှုကြပ်နေတာ
ဒီလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ကျန်းမာရေးအခြေအနေ ပိုဆိုးလာနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် လုံးဝ လျစ်လျူရှုမထားသင့်ပါဘူး
ကျောက်ကပ်ပျက်စီးနေလို့လားဆိုတာကို ကျွမ်းကျင်ဆရာဝန်ကြီးတွေထံမှာ စစ်ဆေးကြည့်ပြီး လိုအပ်တဲ့ကုသမှု ခံယူသင့်ပါတယ်
ဆေးခန်းထိ တကူးတကကြီး အချိန်ပေးပြီး သွားပြဖို့ မအားဘူးဆိုရင်လဲ စိတ်မပူပါနဲ့နော်…
My-Medicine မှာ ကျောက်ကပ်အထူးကုဆရာဝန်ကြီးတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်တိုင်ပင်လို့ရနေပြီဆိုတော့ အိမ်ထဲကအိမ်ပြင်လဲထွက်စရာမလို၊ တန်းစီစောင့်စရာလဲမလိုဘဲ ကိုယ်အဆင်ပြေတဲ့အချိန်ကို အိမ်ထဲကနေ တိုက်ရိုက်ဆက်သွယ် ကုသမှု ခံယူနိုင်ပါပြီနော်။
ဆရာဝန်နှင့် Appointment ယူခြင်း ဝန်ဆောင်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
My-Medicine ရဲ့ ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
ကျောက်ကပ်အထူးကုဆရာဝန်ကြီးများနဲ့ ဆေးခန်းပြရန်https://mymedicine.com.mm/r/nephrတွင်လည်း ဆရာဝန်များနှင့် Appointment ရယူနိုင်ပါတယ်။